တီးတိန်မြို့မှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်စည်များ ရှားပါးလာပြီး ဈေးနှုန်းမြင့်တက်နေ

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်း ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်စည်များ ရှားပါးလာပြီး ဈေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်းတို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အဆင်မပြေဖြစ်နေပြီး ဆေးဝါး၊ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံလိုအပ်ကုန်ပစ္စည်းများ လုံလောက်စွာ မရရှိနိုင်တော့ဘူးလို့ သိရပါတယ်။

တီးတိန်မြို့နယ်မှာ ဆေးဝါးတွေ ဈေးနှုန်းကြီးမြင့်လာသလို သယ်ယူဖို့မလွယ်ကူတာကြောင့် နာတာရှည်ရောဂါရှိသူတွေအတွက် ပုံမှန်သောက်သုံးနေကျ ဆေးဝါးရရှိဖို့ ပိုမိုခက်ခဲလာနေတယ်လို့ ဒေသခံများက ဆိုပါတယ်။

ကုန်စည်ရှားပါးမှုကြောင့် ဈေးနှုန်းများလည်း ယခင်ကထက် အဆမတန် မြင့်တက်လာပြီး အခြေခံလူတန်းစားများအတွက် နေထိုင်စားဝတ်နေရေး ပိုမိုခက်ခဲလာနေပါတယ်။

Zalen ad

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသူတွေဟာ ရရာ အလုပ်လုပ်နေကြကာ ၀င်ငွေနည်းပါးတာကြောက့် မိသားစုစား၀တ်နေရေးအတွက် ပိုမိုရုန်းကန်လာရပါတယ်။

ဒေသခံတွေဟာ လုံခြုံရေးအခြေအနေ တည်ငြိမ်လာခြင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေကြပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

Helen

ဒီဇိုင်း – နွေဦး

#တီးတိန်မြို့#ကုန်စည်#ဈေးနှုန်းမြင့်#Zalen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်