တီးတိန်၊ တွန်းဇံမြို့နယ်တွင် ၁၀ နှစ်အတွင်း သစ်မခုတ်ရ၊ သားကောင်မပစ်ရဟု Zogam Army ထုတ်ပြန်

ချင်းပြည်နယ်၊ တီးတိန်၊ တွန်းဇံမြို့နယ်အတွင်းမှာ ဒီနှစ်မတ်လ ၇ ရက်ကနေ ၂၀၃၃ ခုနှစ် မတ်လ ၇ ရက်အထိ ၁၀ နှစ်ကြာ သစ်မခုတ်ရ၊ သားကောင်မပစ်ရဟု Zogam Army က ဒီကနေ့ မတ်လ ၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။

သစ်ကို ဒေသခံပြည်သူတွေ အိမ်ဆောက်၊ စာသင်ကျောင်းဆောက်လုပ်ခြင်း၊ ဘုရားကျောင်းဆောက်လုပ်ခြင်း၊ ကျန်းမာရေးဌာနဆောက်လုပ်ခြင်းအတွက်လိုအပ်ပါက Zogam Army ရဲ့ခွင့်ပြုချက်နဲ့သာ သစ်ခုတ်လို့ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

တောထဲက သားကောင်တွေ၊ ငါးတွေကို ပစ်ခတ်ဖမ်းဆီးခြင်းမပြုရ၊ ဖမ်းမိပါက သေနတ်နဲ့ပစ္စည်းတွေသိမ်းဆည်းမယ်လို့ဖော်ပြထားပါတယ်။

တွန်းဇံမြို့နယ် အိန္ဒိယနယ်စပ်မှာ မှောင်ခိုသမားတွေက သစ်ကိုခိုးထုတ်ကာ အိန္ဒိယနိုင်ငံဘက်သို့ ကားနဲ့ခိုးသွင်းနေကြတယ်လို့သိရတယ်။

ဒါ့ပြင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်းမှာလည်း သစ်မှောင်ခိုသမားတွေက အိန္ဒိယနိုင်ငံဘက်ကို ကားနဲ့ခိုးထုတ်နေကြတယ်လို့သိရတယ်။

Zawgyi

တီးတိန္၊ တြန္းဇံၿမိဳ႕နယ္တြင္ ၁၀ ႏွစ္အတြင္း သစ္မခုတ္ရ၊ သားေကာင္မပစ္ရဟု Zogam Army ထုတ္ျပန္

ခ်င္းျပည္နယ္၊ တီးတိန္၊ တြန္းဇံၿမိဳ႕နယ္အတြင္းမွာ ဒီႏွစ္မတ္လ ၇ ရက္ကေန ၂၀၃၃ ခုႏွစ္ မတ္လ ၇ ရက္အထိ ၁၀ ႏွစ္ၾကာ သစ္မခုတ္ရ၊ သားေကာင္မပစ္ရဟု Zogam Army က ဒီကေန႔ မတ္လ ၈ ရက္က ထုတ္ျပန္လုိက္ပါတယ္။

သစ္ကို ေဒသခံျပည္သူေတြ အိမ္ေဆာက္၊ စာသင္ေက်ာင္းေဆာက္လုပ္ျခင္း၊ ဘုရားေက်ာင္းေဆာက္လုပ္ျခင္း၊ က်န္းမာေရးဌာနေဆာက္လုပ္ျခင္းအတြက္လုိအပ္ပါက Zogam Army ရဲ႕ခြင့္ျပဳခ်က္နဲ႔သာ သစ္ခုတ္လုိ႔ရမယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

ေတာထဲက သားေကာင္ေတြ၊ ငါးေတြကို ပစ္ခတ္ဖမ္းဆီးျခင္းမျပဳရ၊ ဖမ္းမိပါက ေသနတ္နဲ႔ပစၥည္းေတြသိမ္းဆည္းမယ္လုိ႔ေဖာ္ျပထားပါတယ္။

တြန္းဇံၿမိဳ႕နယ္ အိႏိၵယနယ္စပ္မွာ ေမွာင္ခိုသမားေတြက သစ္ကိုခိုးထုတ္ကာ အိႏိၵယႏိုင္ငံဘက္သို႔ ကားနဲ႔ခိုးသြင္းေနၾကတယ္လုိ႔သိရတယ္။

ဒါ့ျပင္ စစ္ကိုင္းတုိင္း၊ တမူးၿမိဳ႕နယ္အထက္ပိုင္းမွာလည္း သစ္ေမွာင္ခိုသမားေတြက အိႏိၵယႏိုင္ငံဘက္ကို ကားနဲ႔ခိုးထုတ္ေနၾကတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်