ဒလန်အမျိုးသမီးကိုသတ်လို့ ရွာထဲကို စကစတပ်ဝင်လာပြီး လူ ၂ ယောက်အသတ်ခံရ

ကလေးမြို့နယ် စည်ပင်ကြီး ခေါ်လက်ပံခုံကျေးရွာက ဒလန်အမျိုးသမီးတယောက်ကို စက်တင်ဘာ ၁၇ ရက်ညက သတ်တာကြောင့် နောက်တနေ့စက်တင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီတပ်တွေရွာထဲသို့ဝင်လာပြီး ရွာသားတယောက်နဲ့ အမည်မသိအမျိုးသားတယောက် သေနတ်နဲ့ပစ်သတ်ခံရတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ စစ်တပ်သတင်းပေး စည်ပင်ကြီး ခေါ်လက်ပံခုံကျေးရွာက ဒေါ်လှလှဌေး (၄၀ နှစ်ခန့်)ကို အမည်မသိလူတစုက ဆိုင်ကယ် ၃ စီးနဲ့ နေအိမ်ရှေ့ရောက်လာကာ မနေ့ စက်တင်ဘာ ၁၇ ရက် ညနေ ၇ နာရီလောက်က ဓားနဲ့ထိုးသတ်ခဲ့ကြတယ်။ ဒေါ်လှလှဌေးရဲ့အမျိုးတွေက စစ်တပ်ကိုသတင်းပို့လို့ နောက်တနေ့ စက်တင်ဘာ ၁၈ ရက်နေ့လည် ၁၂ နာရီလောက်က မြို့လှမှာ ကားတွေထားခဲ့ပြီး ခြေလျင်နဲ့ စစ်ကောင်စီတပ် အင်အား ၆၀ လောက်ရွာထဲဝင်လာခဲ့ကြပါတယ်။ ဒါကြောင့် ရွာသားတွေဟာ နီးစပ်ရာရွာတွေသို့တိမ်းရှောင်ကြပါတယ်။ ရွာထဲကနေ သေနတ်သံ ၅ ချက်လောက်ကြားရပြီး သံသယရှိတဲ့ လူနေအိမ် ၆ အိမ်ကို ဝင်ရောက်ရှာဖွေပြီးတချို့အိမ်ကိုဖျက်ဆီးခဲ့ကြတယ်။

စည်ပင်ကြီးရွာသားတဦးက “သေဆုံးတဲ့သူ ကျနော်တို့ရွာသားကတော့ ဦးစိုးမင်းဦး (ခ) ကိုပေါကြောင်ဖြစ်တယ်။ သူက PDF မှာပါတယ်ဆိုပြီး ဒလန်ကစစ်တပ်ကိုစာရင်းပေးထားတယ်။ ဦးပေါကြောင်ကလည်း သူမပါဘူးလို့ တောင်းပန်ရင်ရလောက်တယ်ဆိုပြီးမပြေးဘဲနေခဲ့တာ။ ဒါပေမယ့် သူ့ကိုဖမ်းပြီးတော့ နားထင်မှာသေနတ်နဲ့ပစ်ခံရတယ်။ အလောင်းကိုအိမ်ဘေးနားကမြောင်းမှာပစ်ပြီးတော့ ရွာရဲ့သာစည်ရွာဘက်အထွက်မှာညနေပိုင်းမှာတွေ့ရတယ်။ ပြီးတော့ ရွာဘုန်းကြီးကျောင်းနားလမ်းပေါ်မှာ အမည်မသိတဲ့အလောင်းတလောင်းတွေ့ရတယ်။ သူက ရွာထဲကိိုဆိုင်ကယ်နဲ့ဝင်လာတဲ့ချိန်မှာပစ်သတ်ခံရတယ်လို့ကြားရတယ်။ ဒဏ်ရာက ရင်ဘတ်ကနေ လည်ပင်းကိုကျည်ဖောက်ထွက်တဲ့ပုံစံနဲ့ လည်ပင်းမှာအပေါက်ကြီးတွေ့ရတယ်။ ဒလန်ကညွန်းပြတဲ့အိမ်တွေကိုဝင်ပြီး စာရွက်စာတမ်းတွေအိမ်ထဲကအကုန်လုံးကိုဝင်မွှေတယ်။ ပစ္စည်းပျောက်သွားတာတော့မရှိဘူးတဲ့။ ဒါပေမယ့် အိမ် ၂ လုံးကတော့တံခါးတွေဘာတွေဖျက်ဆီးတာရှိတယ်။ ရွာထဲက ဒလန်မိသားက ခုရွာမှာမရှိတော့ဘူးကြားတယ်။ သေဆုံးသွားတဲ့ ဒေါ်လှလှဌေးရဲ့အစ်ကိုက စစ်တပ်မှာ သုံးပွင့်တဲ့။ ဒါပေမယ့် သူအခုတခြားဌာနပြောင်းတယ်လို့ကြားတယ်။ စစ်တပ်ထဲမှာမရှိတော့ဘူး” လို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်တွေဟာ စည်ပင်ကြီးရွာထဲကနေ ညနေ ၄ နာရီလောက်မှာပြန်လည်ထွက်ခွာကြ ပြီးရွာထဲသို့ထပ်ဝင်လာမယ်လို့ပြောသွားပါတယ်။ ဒါကြောင့် ရွာသားတွေဟာ ဒီနေ့ စက်တင်ဘာ ၁၉ ရက်ထိ ရွာသို့မပြန်ရဲဘဲဖြစ်နေကြပါတယ်။

စစ်ကောင်စီတပ် သေနတ်နဲ့ပစ်ခတ်တဲ့ ဦးစိုးမင်းဦး (ခ) ကိုပေါကြောင် (၄၅ နှစ်) နဲ့ အမည်မသိအလောင်း (အသက် ၃၀ ဝန်းကျင်)ဟာ နာရေးကူညီရေးကားနဲ့ ဒိုးဝိုင်းချောင်းသုဿာန်မှာ မနေ့ညက သဂြိုလ်ကြပါတယ်။

ဆက်လက်ပြီးစည်ပင်ကြီးရွာသားတဦးက “အလောင်းတွေကိုရွာမှာသဂြိုလ်ဖို့ဆွေမျိုးတွေလည်းမရှိဘူး။ ထွက်ပြေးကုန်ကြတာလေ။ ဒါကြောင့် ရွာကဘုန်းကြီးက နာရေးအသင်းကိုဖုန်းဆက်အကူအညီတောင်းပြီးသဂြိုလ်ခိုင်းတာ” လို့ပြောပါတယ်။

သာစည်အုပ်စု စည်ပင်ကြီး ခေါ် လက်ပံခုံရွာဟာ အိမ်ခြေ ၉၀ ဝန်းကျင်ရှိပြီး ကလေးမြို့အနောက်တောင်ဘက် မြို့လှအနီးမှာရှိပါတယ်။

Zawgyi

ဒလန္အမ်ဳိးသမီးကိုသတ္လုိ႔ ရြာထဲကို စကစတပ္ဝင္လာၿပီး လူ ၂ ေယာက္အသတ္ခံရ

ကေလးၿမိဳ႕နယ္ စည္ပင္ၾကီး ေခၚလက္ပံခံုေက်းရြာက ဒလန္အမ်ဳိးသမီးတေယာက္ကို စက္တင္ဘာ ၁၇ ရက္ညက သတ္တာေၾကာင့္ ေနာက္တေန႔စက္တင္ဘာ ၁၈ ရက္တြင္ စစ္ေကာင္စီတပ္ေတြရြာထဲသို႔ဝင္လာၿပီး ရြာသားတေယာက္နဲ႔ အမည္မသိအမ်ဳိးသားတေယာက္ ေသနတ္နဲ႔ပစ္သတ္ခံရတယ္လုိ႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ စစ္တပ္သတင္းေပး စည္ပင္ၾကီး ေခၚလက္ပံခံုေက်းရြာက ေဒၚလွလွေဌး (၄၀ ႏွစ္ခန္႔)ကို အမည္မသိလူတစုက ဆုိင္ကယ္ ၃ စီးနဲ႔ ေနအိမ္ေရွ႕ေရာက္လာကာ မေန႔ စက္တင္ဘာ ၁၇ ရက္ ညေန ၇ နာရီေလာက္က ဓားနဲ႔ထုိးသတ္ခဲ့ၾကတယ္။ ေဒၚလွလွေဌးရဲ႕အမ်ဳိးေတြက စစ္တပ္ကိုသတင္းပို႔လို႔ ေနာက္တေန႔ စက္တင္ဘာ ၁၈ ရက္ေန႔လည္ ၁၂ နာရီေလာက္က ၿမိဳ႕လွမွာ ကားေတြထားခဲ့ၿပီး ေျခလ်င္နဲ႔ စစ္ေကာင္စီတပ္ အင္အား ၆၀ ေလာက္ရြာထဲဝင္လာခဲ့ၾကပါတယ္။ ဒါေၾကာင့္ ရြာသားေတြဟာ နီးစပ္ရာရြာေတြသို႔တိမ္းေရွာင္ၾကပါတယ္။  ရြာထဲကေန ေသနတ္သံ ၅ ခ်က္ေလာက္ၾကားရၿပီး သံသယရွိတဲ့ လူေနအိမ္ ၆ အိမ္ကို ဝင္ေရာက္ရွာေဖြၿပီးတခ်ဳိ႕အိမ္ကိုဖ်က္ဆီးခဲ့ၾကတယ္။

စည္ပင္ၾကီးရြာသားတဦးက “ေသဆံုးတဲ့သူ က်ေနာ္တို႔ရြာသားကေတာ့ ဦးစိုးမင္းဦး (ခ) ကိုေပါေၾကာင္ျဖစ္တယ္။ သူက PDF မွာပါတယ္ဆိုၿပီး ဒလန္ကစစ္တပ္ကိုစာရင္းေပးထားတယ္။ ဦးေပါေၾကာင္ကလည္း သူမပါဘူးလို႔ ေတာင္းပန္ရင္ရေလာက္တယ္ဆိုၿပီးမေျပးဘဲေနခဲ့တာ။ ဒါေပမယ့္ သူ႔ကိုဖမ္းၿပီးေတာ့ နားထင္မွာေသနတ္နဲ႔ပစ္ခံရတယ္။ အေလာင္းကိုအိမ္ေဘးနားကေျမာင္းမွာပစ္ၿပီးေတာ့ ရြာရဲ႕သာစည္ရြာဘက္အထြက္မွာညေနပိုင္းမွာေတြ႔ရတယ္။ ၿပီးေတာ့ ရြာဘုန္းၾကီးေက်ာင္းနားလမ္းေပၚမွာ အမည္မသိတဲ့အေလာင္းတေလာင္းေတြ႔ရတယ္။ သူက ရြာထဲကိုိဆိုင္ကယ္နဲ႔ဝင္လာတဲ့ခ်ိန္မွာပစ္သတ္ခံရတယ္လုိ႔ၾကားရတယ္။ ဒဏ္ရာက ရင္ဘတ္ကေန လည္ပင္းကိုက်ည္ေဖာက္ထြက္တဲ့ပံုစံနဲ႔ လည္ပင္းမွာအေပါက္ၾကီးေတြ႔ရတယ္။ ဒလန္ကညြန္းျပတဲ့အိမ္ေတြကိုဝင္ၿပီး စာရြက္စာတမ္းေတြအိမ္ထဲကအကုန္လံုးကိုဝင္ေမႊတယ္။ ပစၥည္းေပ်ာက္သြားတာေတာ့မရွိဘူးတဲ့။ ဒါေပမယ့္ အိမ္ ၂ လံုးကေတာ့တံခါးေတြဘာေတြဖ်က္ဆီးတာရွိတယ္။  ရြာထဲက ဒလန္မိသားက ခုရြာမွာမရွိေတာ့ဘူးၾကားတယ္။ ေသဆံုးသြားတဲ့ ေဒၚလွလွေဌးရဲ႕အစ္ကိုက စစ္တပ္မွာ သံုးပြင့္တဲ့။ ဒါေပမယ့္ သူအခုတျခားဌာနေျပာင္းတယ္လုိ႔ၾကားတယ္။ စစ္တပ္ထဲမွာမရွိေတာ့ဘူး” လို႔ေျပာပါတယ္။

အာဏာသိမ္းစစ္တပ္ေတြဟာ စည္ပင္ၾကီးရြာထဲကေန ညေန ၄ နာရီေလာက္မွာျပန္လည္ထြက္ခြာၾက ၿပီးရြာထဲသို႔ထပ္ဝင္လာမယ္လုိ႔ေျပာသြားပါတယ္။ ဒါေၾကာင့္ ရြာသားေတြဟာ ဒီေန႔ စက္တင္ဘာ ၁၉ ရက္ထိ ရြာသို႔မျပန္ရဲဘဲျဖစ္ေနၾကပါတယ္။

စည္ပင္ၾကီးရြာထဲမွာ ဆိုင္ကယ္စီးလာတဲ့ခ်ိန္ စကစတပ္ကပစ္ခတ္ခံရတဲ့ အသက္ ၃၀ ဝန္းက်င္အမည္မသိအမ်ဳိးသားအေလာင္း

စစ္ေကာင္စီတပ္ ေသနတ္နဲ႔ပစ္ခတ္တဲ့ ဦးစိုးမင္းဦး (ခ) ကိုေပါေၾကာင္ (၄၅ ႏွစ္) နဲ႔ အမည္မသိအေလာင္း (အသက္ ၃၀ ဝန္းက်င္)ဟာ နာေရးကူညီေရးကားနဲ႔ ဒိုးဝိုင္းေခ်ာင္းသုႆာန္မွာ မေန႔ညက သၿဂိဳလ္ၾကပါတယ္။

ဆက္လက္ၿပီးစည္ပင္ၾကီးရြာသားတဦးက “အေလာင္းေတြကိုရြာမွာသၿဂိဳလ္ဖို႔ေဆြမ်ဳိးေတြလည္းမရွိဘူး။ ထြက္ေျပးကုန္ၾကတာေလ။ ဒါေၾကာင့္ ရြာကဘုန္းၾကီးက နာေရးအသင္းကိုဖုန္းဆက္အကူအညီေတာင္းၿပီးသၿဂိဳလ္ခိုင္းတာ” လုိ႔ေျပာပါတယ္။

သာစည္အုပ္စု စည္ပင္ၾကီး ေခၚ လက္ပံခုံရြာဟာ အိမ္ေျခ ၉၀ ဝန္းက်င္ရွိၿပီး ကေလးၿမိဳ႕အေနာက္ေတာင္ဘက္ ၿမိဳ႕လွအနီးမွာရွိပါတယ္။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်