ဒုသမ္မတရွာသို့ပြောင်းရွေ့မယ့် ပလက်ဝစစ်ရှောင်ပြည်သူ ၁၀၀ ကျော် ဒီည ထန်တလန်မြို့ရောက်မယ်

၂၀၁၉၊ နိုဝင်ဘာလ (၁၄)
ပလက်ဝမြို့နယ် မီးဇာကျေးရွာရှိ ဘွမ် (Bawm) မျိုးနွယ်စု စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၂၀) လူ(၁၀၀)ဟာ ဒီည ထန်တလန်မြို့သို့ရောက်ကြမယ်လို့ သတင်းရရှိပါတယ်။

၎င်းတို့ဟာ ဒုသမ္မတရဲ့ ဇာတိရွာ သီးကီရ်(Tikir) ရွာသို့ပြောင်းရွေ့အခြေချနေထိုင်ဖို့ အစိုးရရဲ့အစီအစဉ်နဲ့ ပြောင်းရွေ့လာကြတာပါ။

နိုဝင်ဘာလ (၁၂)ရက်တွင် မီးဇာစစ်ဘေးရှောင်စခန်းမှထွက်လာပြီး ပလက်ဝမြို့တွင် ညအိပ်ကြပါတယ်။ နိုဝင်ဘာလ (၁၃)ရက်တွင် ပလက်ဝမှ ဆမီးလမ်းကြောင်းနဲ့ မတူပီတွင် ညအိပ်ကြပါတယ်။ ဒီမနက် ၆း၃၀ အချိန်တွင် မတူပီမှ ရေဇွာသို့ထွက်လာပြီး ယင်းမှတဆင့် နှာရိန်းမြို့မှ ထန်တလန်မြို့သို့ ဒီညအိပ်ဖို့စီစဉ်ထားပါတယ်။ ပြီးနောက် နိုဝင်ဘာလ (၁၅)ရက်တွင် ထန်တလန်မြို့မှ သီးကီရ်ရွာသို့ဆက်လက်ခရီးဆက်မှာဖြစ်ပါတယ်။

၎င်းတို့အတွက် ပြည်နယ်အစိုးရက ရဲလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးတွေချပေးထားပြီး စစ်ရှောင်တွေအတွက် ကား (၇)စီးစီစဉ်ထားပါတယ်။

Zalen ad

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “သီးကီရ်ရွာမှာ တန်ဖိုးနည်းအိမ်ရာ (၂၄)လုံးအဆင်သင့်ရှိတယ်။ အဲ့မှာသူတို့နေမယ်။ ရေ၊မီးအတွက် အစိုးရက သိန်း ၂၅၈ သိန်းဖို့နဲ့လုပ်ပေးမယ်။ စားဖို့သောက်ဖို့က ဘေးနားရွာ ၂ ရွာကပြင်ဆင်ထားကြတယ်။ ပြီးတော့ အစိုးရက ၃၊ ၄လလောက်ထိ စစ်ဘေးရှောင်ကူညီတဲ့နှုန်းထားအတိုင်း ထောက်ပံ့နိုင်အောင် စီစဉ်ထားတယ်” လို့ပြောပါတယ်။

၎င်းတို့အတွက် ထန်တလန်မြို့ နှစ်ခြင်းအသင်းတော်ကလည်း စောင်၊ဖျာ တွေပြင်ဆင်ထားပါတယ်။

ချင်းအနွယ်ဝင် ဘွမ်မျိုးနွယ်စု အများဆုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းတွင်အနေထိုင်ပြီး ပလက်ဝမြို့နယ်တွင် ကျေးရွာ (၅)ရွာရှိပါတယ်။ ၎င်းတို့အသုံးပြုတဲ့ဘာသာစကားဟာ ထန်တလန်မြို့နယ်မှာအသုံးပြုတဲ့ ဘာသာစကားနဲ့အနည်းငယ်သာကွာခြားပါတယ်။

(Zawgyi)

ဒုသမၼတရြာသို႔ေျပာင္းေရြ႕မယ့္ ပလက္ဝစစ္ေရွာင္ျပည္သူ ၁၀၀ ေက်ာ္ ဒီည ထန္တလန္ၿမိဳ႕ေရာက္မယ္

ထန္တလန္ႏွစ္ျခင္းအသင္းေတာ္က စစ္ေဘးေရွာင္ေတြအတြက္ ေထာက္ပံ့ကူညီဖို႔ ျပင္ဆင္ထားတဲ့ ေစာင္နဲ႔ အိပ္ယာခင္းမ်ား

၂၀၁၉၊ ႏိုဝင္ဘာလ (၁၄)
ပလက္ဝၿမိဳ႕နယ္ မီးဇာေက်းရြာရွိ ဘြမ္ (Bawm) မ်ဳိးႏြယ္စု စစ္ေဘးေရွာင္ျပည္သူ အိမ္ေထာင္စု (၂၀) လူ(၁၀၀)ဟာ ဒီည ထန္တလန္ၿမိဳ႕သို႔ေရာက္ၾကမယ္လို႔ သတင္းရရွိပါတယ္။

၄င္းတို႔ဟာ ဒုသမၼတရဲ႕ ဇာတိရြာ သီးကီရ္(Tikir) ရြာသို႔ေျပာင္းေရြ႕အေျခခ်ေနထုိင္ဖို႔ အစိုးရရဲ႕အစီအစဥ္နဲ႔ ေျပာင္းေရြ႕လာၾကတာပါ။

ႏိုဝင္ဘာလ (၁၂)ရက္တြင္ မီးဇာစစ္ေဘးေရွာင္စခန္းမွထြက္လာၿပီး ပလက္ဝၿမိဳ႕တြင္ ညအိပ္ၾကပါတယ္။ ႏုိဝင္ဘာလ (၁၃)ရက္တြင္ ပလက္ဝမွ ဆမီးလမ္းေၾကာင္းနဲ႔ မတူပီတြင္ ညအိပ္ၾကပါတယ္။ ဒီမနက္ ၆း၃၀ အခ်ိန္တြင္ မတူပီမွ ေရဇြာသို႔ထြက္လာၿပီး ယင္းမွတဆင့္ ႏွာရိန္းၿမိဳ႕မွ ထန္တလန္ၿမိဳ႕သို႔ ဒီညအိပ္ဖို႔စီစဥ္ထားပါတယ္။ ၿပီးေနာက္ ႏိုဝင္ဘာလ (၁၅)ရက္တြင္ ထန္တလန္ၿမိဳ႕မွ သီးကီရ္ရြာသို႔ဆက္လက္ခရီးဆက္မွာျဖစ္ပါတယ္။

၄င္းတို႔အတြက္ ျပည္နယ္အစိုးရက ရဲလံုျခံဳေရး၊ လမ္းေၾကာင္းလံုျခံဳေရးေတြခ်ေပးထားၿပီး စစ္ေရွာင္ေတြအတြက္ ကား (၇)စီးစီစဥ္ထားပါတယ္။

ခ်င္းျပည္နယ္ စည္ပင္ဝန္ၾကီး ဦးစိုးထက္က “သီးကီရ္ရြာမွာ တန္ဖိုးနည္းအိမ္ရာ (၂၄)လံုးအဆင္သင့္ရွိတယ္။ အဲ့မွာသူတို႔ေနမယ္။ ေရ၊မီးအတြက္ အစိုးရက သိန္း ၂၅၈ သိန္းဖို႔နဲ႔လုပ္ေပးမယ္။ စားဖို႔ေသာက္ဖို႔က ေဘးနားရြာ ၂ ရြာကျပင္ဆင္ထားၾကတယ္။ ၿပီးေတာ့ အစိုးရက ၃၊ ၄လေလာက္ထိ စစ္ေဘးေရွာင္ကူညီတဲ့ႏႈန္းထားအတုိင္း ေထာက္ပံ့ႏိုင္ေအာင္ စီစဥ္ထားတယ္” လို႔ေျပာပါတယ္။

၄င္းတို႔အတြက္ ထန္တလန္ၿမိဳ႕ ႏွစ္ျခင္းအသင္းေတာ္ကလည္း ေစာင္၊ဖ်ာ ေတြျပင္ဆင္ထားပါတယ္။

ခ်င္းအႏြယ္ဝင္ ဘြမ္မ်ဳိးႏြယ္စု အမ်ားဆံုးဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္တေကာင္းေတာင္တန္းတြင္အေနထုိင္ၿပီး ပလက္ဝၿမိဳ႕နယ္တြင္ ေက်းရြာ (၅)ရြာရွိပါတယ္။ ၄င္းတို႔အသံုးျပဳတဲ့ဘာသာစကားဟာ ထန္တလန္ၿမိဳ႕နယ္မွာအသံုးျပဳတဲ့ ဘာသာစကားနဲ႔အနည္းငယ္သာကြာျခားပါတယ္။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်