ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပျူစောထီးနဲ့ ရှမ်းနီတပ်များထံမှ လက်နက်များသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အထက်ပိုင်း၊ မြို့သစ်မြို့နယ်အတွင်း၌ KNA (Kuki National Amy), PDF-Tamu တပ်ရင်း(၁ )တမူးမြို့ နှင့် KCNDF (Kabaw Chin National Defense Force) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် နှင့် ပျူစောထီးအဖွဲ့ဝင်(၇)ဦး မောင်းနှင်လိုက်ပါလာသည့် ကားတစ်စီးနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့၊နံနက်(၉)နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စရဖ အရာရှိ မောင်ဇော်(ခ)မုတ်ဆိတ်၊ ရှမ်းနီအမျိုးသားတပ်မတော် တပ်သားစုဆောင်းရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ဝင်းအောင်၊ ရှမ်းနီအမျိုးသားတပ်မတော် ဗိုလ် သက်စိုးနိုင်(ခ)သိန်းစိုးနိုင်၊ ပျူစောထီးခေါင်းဆောင် ငြိမ်းမောင်မောင်၊ကျော်ထူး၊မျိုးသူနှင့်ပျူအဖွဲ့ဝင်တစ်ဦး(အမည်မသိ) စုစုပေါင်း(၇)ဦးလုံးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့သည်ဟု ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးပြောပြချက်အရသိရသည်။

ရှမ်းနီအမျိုးသားတပ်မတော် တပ်သားစုဆောင်းရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ဝင်းအောင် သည် မြို့သစ်မြို့နှင့် ၇ မိုင်အကွာ ရှမ်းနီတိုင်းရင်းသားများနေထိုင်သည့် သနန်ရွာသားဖြစ်ပြီး အသက် ၂၀ ကျော် ၎င်းတို့ရွာသားများကို ရှမ်းနီတပ်သို့စုဆောင်းနေသူဟုသိရသည်။

၎င်းတို့ထံမှ (၄၀)မမ(၁)လက်၊ ၎င်းဗုံးသီး(၁၄)လုံး၊M4-16(၁)လက်၊ AK-47(၁)လက်၊ M-92(၁)၊ 81 (၁)လက်၊ 9mm ပစ္စတို(၁)လက်၊380 ပစ္စတို(၁)လက်၊ကျည်အိမ်(၆)ခု၊7.62mmကျည်(၉၅)တောင့်၊9mmကျည်(၄)တောင့်၊380ကျည်(၄)တောင့်နှင့်ဆက်သွယ်ရေးစကားပြောစက်(၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။

ယင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှာ တစုံတရာထိခိုက်မှုမရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး နောက်နောင်တွင်လည်း မဟာမိတ်များပူးပေါင်း၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့မှ သတင်းထုတ်ပြန်ထားပါသည်။

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်