ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်မရ

အောက်တိုဘာ ၂၅၊ ၂၀၂၅

Zalen

စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲယှဥ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရဲ့ အမည် မပါ၀င်လာဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကနဦးကြေညာတဲ့ အမတ်လောင်းစာရင်းမှာ ဒေါ်သက်သက်ခိုင်နာမည်ပါဝင်ခဲ့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အပြီးသတ်ထုတ်ပြန်ချက်မှာ အမည် ပါမလာတော့တာဖြစ်ပါတယ်။

Zalen ad

ဒေါ် သက်သက်ခိုင်ဟာ ရွေးကောက်ပွဲမှာ ရန်ကုန် တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်  ၂  မှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်သွင်းခဲ့တာပါ။

မအောင်မြင်တဲ့ 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်နေတယ်လို့ သတင်းတွေထွက်ခဲ့ပြီးတဲ့နောက် ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းတဲ့အတွက် ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲယှဥ်ပြိုင်ခွင့်မရတာလို့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းက ပြောပါတယ်။

ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းကို ဒေါ်သက်သက်ခိုင်နဲ့အမျိုးသားဖြစ်သူ ဦးအောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ် ကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားကာ အကောင်အထည်ဖော်ခဲ့‌ပေမယ့်  68 Residence အိမ်ရာစီမံကိန်းဟာ အချိန်မီ ပြီးစီးခြင်းမရှိတာ၊ အခန်းမအပ်နိုင်တာတွေကြောင့် ချေးငွေတွေကိုလည်း ပြန်လည် ပေးဆပ်နိုင်တာမရှိဘူးလို့ သိရပါတယ်။

NLD ပါတီရဲ့ အမတ်ဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီကခန့်အပ်တဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်