နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဆက်လက်ပိတ်ပင်တာကြောင့် မီဇိုရမ်ဘက်ခြမ်းမှာ မြန်မာကနေဝင်လေ့ရှိတဲ့ ကုန်ပစ္စည်းများ အဆမတန်စျေးမြင့်တက်နေ

၂၊ဩဂုတ်၊၂၀၂၄

Zalen

အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါသာရ် – ရိဒ်တံတား မှာ နှစ်ဖက်စလုံးကနေ ဝင်ထွက်နေတဲ့ကုန်ပစ္စည်းများ ကို ဒီကနေ့အထိဆက်လက်ပိတ်ပင်နေတာကြောင့် မီဇိုရမ်ဘက်ခြမ်းမှာ မြန်မာ ကနေဝင်လေ့ရှိတဲ့ ကုန်ပစ္စည်းများ အဆမတန်စျေးတက်နေတယ်လို့သိရပါတယ်။

အဆိုပါနယ်စပ်ကုန်သွယ်ရေး ဂိတ်ကို မြန်မာဘက်က ကွမ်းသီးခြောက် အပါအဝင် မူးယစ်ဆေးဝါးများ ဝင်ထွက်နေတာကို စစ်ဆေးဖို့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့ ဇိုခေါသာရ်ကိုရောက်နေတာကြောင့် လို့ဆိုကာ အကောက်ခွန်ဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်ကနေ စပြီး ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိနယ်စပ်ဂိတ်မှာ လူအဝင်အထွက်ကိုတော့ခွင့်ပြုထားပြီး ပစ္စည်းအဝင်အထွက်ကို ပိတ်ထားတာ ကြောင့် နယ်စပ်တစ်လျှောက်မြန်မာဘက်က ဝင်တဲ့ပစ္စည်းမှန်သမျှ အဆမတန်စျေးတက်နေပြီး ဆက်လက် ပိတ်ပင်နေမယ်ဆိုရင် မြန်မာဘက်ပစ္စည်းတွေပြတ်လတ်တဲ့အထိဖြစ်သွားနိုင်တယ်လို့သိရပါတယ်။

“လူကတော့ လွတ်လွတ်လပ်လပ်ဝင်ထွက်လို့ရပေမယ့် တစ်ခါတစ်လေတော့ စစ်ဆေးတာတွေလည်းရှိ တယ်။ ပစ္စည်းတွေကိုတော့ လုံးဝသယ်ဆောင်ခွင့်မပြုဘူး။ ကျွန်မတို့က ဇိုခေါ်သာရ်ဘက်မှာ နေပေမယ့် စျေးနဲ့အလှမ်းဝေးတာကြောင့် ရိဒ်ဘက်ကိုစျေးဝယ်တာများတယ်လေ။အဲ့မှာ အိတ်နဲ့ ပစ္စည်းနည်းနည်းသယ် ရင်တောင် စစ်တာတွေရှိတယ်။မီးဖိုအသုံးအဆောင်နဲ့ ကုန်စိမ်းတွေဆိုလွှတ်ပေးတယ်။တစ်ခြားပြန်ရောင်းဖို့ လောက်အထိသယ်တာကိုတော့ လုံးဝ ပိတ်ပင်တဲ့သဘော။ဒီလိုပိတ်ထားတာကြောင့် အခုဆိုရင် အရင်က ကျပ်ငွေတစ်ထောင်တန် ငါးပိဆိုရင် သုံးထောင်ဖြစ်သွားပြီ၊အရင်ကဆို Sunday ၊ Monkey စတဲ့ကော်ဖီတွေ ဆိုကျပ် ၉ ထောင်နဲ့ဝယ်နေကျ၊ အခုဆို ကျပ်ငွေ ၁၄၀၀၀ ရှိပြီ၊ Elan ဆပ်ပြာဗူးကြီးဆို ၁၄၀၀၀ ကျော်ရှိပြီ အရင်ကထက်အများကြီးတက်တယ်။ ဒီထက်ကြာအောင်ပိတ်မယ်ဆိုရင်တော့ မြန်မာဘက်က ပစ္စည်းတော့ ပြတ်မယ်ထင်တယ်။ မီဇိုရမ်ဘက်က ပစ္စည်းတွေကတော့ ပုံမှန်စျေးရှိကြတယ်။” လို့ နယ်စပ်ဂိတ် အနီးနား မှာ နေထိုင်တဲ့ ချင်းစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ယနေ့အထိတော့ နယ်စပ်ဂိတ်ကို ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာနဲ့ ပက်သက်ပြီး ဘာသတင်းမှမကြားရသေးဘဲ အဆိုပါဂိတ်တွေမှာ အာသံရိုင်ဖယ်နဲ့ အကောက်ခွန်တားဆီးရေးတပ်ဖွဲ့တွေက လုံခြုံရေးယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ချင်းဖိုက်တာ MT Timothy ဒီညနေ ကစ်ဘောက်ဆင်ပွဲထိုးမယ်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၄Zalen ချင်းလူငယ်ဖိုက်တာ MT Timothy ကတော့ နိုဝင်ဘာလ ၃၀ ရက် ဒီညနေ မလေးရှားစံတော်ချိန် ၃ နာရီဝန်းကျင် မှာ ကစ်ဘောက်ဆင်ပွဲပြန်လည်ထိုးသတ်တော့မယ်လို့သိရပါတယ်။ ချင်းဖိုက်တာဟာ ဒီတစ်ခါမှာတော့ မလေးရှား လူငယ်ဖိုက်တာ ...

ဆက်ဖတ်ရန်