နိုင်ငံတကာရဲ့ စစ်ကောင်စီအပေါ် အရေးယူမှု နှစ်ရာကျော်ရှိခဲ့ပေမယ့် လုံလောက်မှုမရှိကြောင်း Justice For Myanmar ပြော

၆၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

စစ်အာဏာသိမ်းချိန်ကစပြီး သုံးနှစ်တာကာလအတွင်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ လူပုဂ္ဂိုလ် ၁၆၁ ဦး၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီလုပ်ငန်း ၇၅ ခုကို နိုင်ငံတကာက ပိတ်ဆို့အရေးယူခဲ့ပေမယ့် လုံလောက်မှုမရှိဘူးလို့ Justice For Myanmar အဖွဲ့က ဖေဖော်ဝါရီ ၅ ရက်‌နေ့မှာ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ပူးပေါင်းဆောင်ရွက်မှု နည်းပါးနေပြီး လုံလောက်မှုမရှိသေးဘူးလို့ Justice For Myanmarက ဆိုပါတယ်။

Zalen ad

စစ်တပ်ကထိန်းချုပ်ထားတဲ့ အဓိကလုပ်ငန်းတွေ၊ လုပ်ငန်းကို ဦးဆောင်သူတွေနဲ့ အသင်းအဖွဲ့တွေကို ပိတ်ဆို့အရေးယူဖို့ ကျန်ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီအပါအ၀င် စစ်ကောင်စီတပ်နဲ့ ပတ်သတ်ဆက်နွယ်နေသူတွေကို ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတွေက ဆောင်ရွက်ခဲ့တာပါ။

လက်နက်ကုန်သွယ်ခွင့် တားမြစ်မှုနဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် နိုင်ငံတကာက အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့လည်း Justice For Myanmar က တိုက်တွန်းထားပါတယ်။

အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကတော့ စစ်ကောင်စီအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ခဲ့တာ မရှိခဲ့ဘဲ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူမှုတွေ ပျက်ကွက်နေတယ်လို့လည်း Justice For Myanmar က ထုတ်ပြန်ဖော်ပြထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်