ပလက်ဝဂိုဏ်းပေါင်းစုံအသင်းက စစ်ကောင်စီထောက်ပံ့ငွေကိုလက်ခံပြီး ခက်ခဲတဲ့သူတွေဆီပြန်လှူမယ်ဟုဆို

ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့က ပလက်ဝမြို့နယ် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တပါးကို ကျပ် ၁၈၀၀၀ ထောက်ပံ့တဲ့ငွေကို ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေ ၂ နာရီခွဲတွင် ပလက်ဝနှစ်ခြင်းဘုရားကျောင်းမှာ ပလက်ဝခရစ်ယာန်အသင်းတော်များကောင်စီနဲ့ ပလက်ဝ ဧဝံဂေလိမဟာမိတ်အဖွဲ့တို့ကလက်ခံလိုက်တယ်လို့သတင်းရရှိပါတယ်။

ပလက်ဝ ခရစ်ယာန်အသင်း တော်များကောင်စီဥက္ကဌ ဆရာတော်ထိန်ဘေးက “ဟိုတနေ့က ဂိုဏ်းပေါင်းစုံအမှုတော်ဆောင်အားလုံး အစည်းအဝေးထိုင်တယ်။ အဲ့ဒါကို ပလက်ဝထွေအုပ်ရုံးမှာ စာတင်တယ်။ ချင်းပြည်နယ်အစိုးရအနေနဲ့ ပလက်ဝမြို့အမှုတော်ဆောင်တွေကူညီတာအရမ်းကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် လက်ရှိပလက်ဝမြို့ပေါ်မှာ ကိုဗစ်နဲ့ဖြစ်ဖြစ် ကျနော်တို့ သင်းအုပ်ဆရာတွေထက် အခြားခက်ခဲတဲ့ပြည်သူတွေရှိတော့ သူတို့အတွက်လှူဒါန်းရင်ကောင်းမယ်လို့စာတင်တယ်။ သူတို့က ရုံးမှာပြန်ခေါ်တယ်။ လက်ခံဖို့ပြောတော့ ဒီနေ့ လက်ခံပေးလိုက်တယ်။ ပလက်ဝကလည်း တခြားနယ်နဲ့မတူတော့ အများကြီးစဉ်းစားရတယ်။ အခြေအနေအရလက်ခံပေးတာဖြစ်တယ်။ လက်ခံတဲ့အလှူငွေအားလုံးတခြားနေရာမှာပြန်လှူဖို့စီစဉ်ထားတယ်။ နောက်ပတ် တနင်္လာနေ့ ဒါမှမဟတ်ု အင်္ဂါနေ့မှာ ကိုဗစ်စင်တာမှာလာ။ အောက်ဆီဂျင်အတွက်လာအခမ်းအနားနဲ့ပြန်လှူဖို့စီစဉ်ထားတယ်။ ငွေသားအပြင် ဆန်၊ ဆီ၊ ဆား၊ ပဲတွေလည်းပါတယ်။ အရေအတွက်တော့မသိလိုက်ဘူး” လို့ပြောပါတယ်။

စစ်ကောင်စီဟာ ပလက်ဝမြို့နယ်က ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ၃၁၀ ပါးအတွက် ၅၅၈,၀၀၀ ကျပ်ပေးအပ်လှူဒါန်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ထောက်ပံ့ငွေကို ဖလမ်းမြို့နယ်နဲ့ ဟားခါးမြို့နယ်က ဓမ္မအမှုတော်ဆောင်တွေကလက်ခံရယူ ပြီး ပြည်သူတွေရဲ့ဝေဖန်မှုများလို့ နောက်နေ့တွင်ပြန်လည်အပ်နှံကြပါတယ်။ မင်းတပ်မြို့နယ် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တွေကတော့ စစ်ကောင်စီထောက်ပံ့ငွေကို လူမှုရေးအသင်းထံပြန်လည်းလှူဒါန်းကြပါတယ်။

Zawgyi

ပလက္ဝဂိုဏ္းေပါင္းစံုအသင္းက စစ္ေကာင္စီေထာက္ပံ့ေငြကိုလက္ခံၿပီး ခက္ခဲတဲ့သူေတြဆီျပန္လွဴမယ္ဟုဆို

ခ်င္းျပည္နယ္ စစ္ေကာင္စီအဖြဲ႔က ပလက္ဝၿမိဳ႕နယ္ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္တပါးကုိ က်ပ္ ၁၈၀၀၀ ေထာက္ပံ့တဲ့ေငြကို ယေန႔ စက္တင္ဘာ ၁၁ ရက္ ညေန ၂ နာရီခြဲတြင္ ပလက္ဝႏွစ္ျခင္းဘုရားေက်ာင္းမွာ ပလက္ဝခရစ္ယာန္အသင္းေတာ္မ်ားေကာင္စီနဲ႔ ပလက္ဝ ဧဝံေဂလိမဟာမိတ္အဖြဲ႕တို႔ကလက္ခံလိုက္တယ္လုိ႔သတင္းရရွိပါတယ္။

ပလက္ဝ ခရစ္ယာန္အသင္း ေတာ္မ်ားေကာင္စီဥကၠဌ ဆရာေတာ္ထိန္ေဘးက “ဟိုတေန႔က ဂိုဏ္းေပါင္းစံုအမႈေတာ္ေဆာင္အားလံုး အစည္းအေဝးထုိင္တယ္။ အဲ့ဒါကို ပလက္ဝေထြအုပ္ရံုးမွာ စာတင္တယ္။ ခ်င္းျပည္နယ္အစိုးရအေနနဲ႔ ပလက္ဝၿမိဳ႕အမႈေတာ္ေဆာင္ေတြကူညီတာအရမ္းေက်းဇူးတင္ေၾကာင္း၊ ဒါေပမယ့္ လက္ရွိပလက္ဝၿမိဳ႕ေပၚမွာ ကိုဗစ္နဲ႔ျဖစ္ျဖစ္ က်ေနာ္တုိ႔ သင္းအုပ္ဆရာေတြထက္ အျခားခက္ခဲတဲ့ျပည္သူေတြရွိေတာ့ သူတို႔အတြက္လွဴဒါန္းရင္ေကာင္းမယ္လို႔စာတင္တယ္။ သူတို႔က ရံုးမွာျပန္ေခၚတယ္။ လက္ခံဖုိ႔ေျပာေတာ့ ဒီေန႔ လက္ခံေပးလုိက္တယ္။ ပလက္ဝကလည္း တျခားနယ္နဲ႔မတူေတာ့ အမ်ားၾကီးစဥ္းစားရတယ္။ အေျခအေနအရလက္ခံေပးတာျဖစ္တယ္။ လက္ခံတဲ့အလွဴေငြအားလံုးတျခားေနရာမွာျပန္လွဴဖုိ႔စီစဥ္ထားတယ္။ ေနာက္ပတ္ တနလၤာေန႔ ဒါမွမဟတ္ု အဂၤါေန႔မွာ ကိုဗစ္စင္တာမွာလာ။ ေအာက္ဆီဂ်င္အတြက္လာအခမ္းအနားနဲ႔ျပန္လွဴဖုိ႔စီစဥ္ထားတယ္။ ေငြသားအျပင္ ဆန္၊ ဆီ၊ ဆား၊ ပဲေတြလည္းပါတယ္။ အေရအတြက္ေတာ့မသိလုိက္ဘူး” လို႔ေျပာပါတယ္။

စစ္ေကာင္စီဟာ ပလက္ဝၿမိဳ႕နယ္က ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္ ၃၁၀ ပါးအတြက္ ၅၅၈,၀၀၀ က်ပ္ေပးအပ္လွဴဒါန္းခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕ေထာက္ပံ့ေငြကို ဖလမ္းၿမိဳ႕နယ္နဲ႔ ဟားခါးၿမိဳ႕နယ္က ဓမၼအမႈေတာ္ေဆာင္ေတြကလက္ခံရယူ ၿပီး ျပည္သူေတြရဲ႕ေဝဖန္မႈမ်ားလို႔ ေနာက္ေန႔တြင္ျပန္လည္အပ္ႏွံၾကပါတယ္။ မင္းတပ္ၿမိဳ႕နယ္ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္ေတြကေတာ့ စစ္ေကာင္စီေထာက္ပံ့ေငြကို လူမႈေရးအသင္းထံျပန္လည္းလွဴဒါန္းၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်