ပလက်ဝမြို့နယ်ကိုလေကြောင်း တိုက်ခိုက်မှု ပြုလုပ်မည်ဟု ဦးလှဆွေ ခြိမ်းခြောက်

မေ ၈၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိနေသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေက ခြိမ်းခြောက်ထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်ပြီးနောက် ပလက်ဝမြို့နယ်ဘက် ရွှေ့ပြောင်းနေတယ်လို့ ဘူးလက်လှဆွေက ဆိုပါတယ်။

သူရဲ့ သွားလာလှုပ်ရှားမှု သတင်းများအပေါ် အခြေခံ၍ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

ဒာ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေဖြစ်ကြတဲ့ မန်းဝင်းခိုင်သန်းနဲ့ ဦးမင်းကိုနိုင်တို့ကလည်း ပဲခူးတိုင်းရှိ ကျေးရွာတစ်ရွာတစ်ရွာမှာ အခြေစိုက်လှုပ်ရှားနေတယ်လို့ ဘူးလက်လှဆွေက ပြောပါတယ်။

၎င်းတို့ရှိတဲ့နေရာကို အတည်ပြုနိုင်သည်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဦးလှဆွေက ထည့်သွင်းပြောဆိုထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေအတွင်း လှည့်လည်သွားလာနေပေမယ့်လည်း သူရဲ့ တည်နေရာကို လျှို့ဝှက်ထားလေ့ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ လက်ရှိမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ အစဥ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်