ပြင်းထန်တဲ့ HIV ရောဂါမျိုးကွဲသစ် VB ကို နယ်သာလန်နိုင်ငံတွင်စတင်တွေ့ရှိ

ပြင်းထန်ပြီးကူးစက်မှုမြန်ဆန်တဲ့ HIV ရောဂါမျိုးကွဲသစ် VB ကို အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေက နယ်သာလန်မှာနေထိုင်တဲ့ HIV ဝေဒနာရှင် ၁၀၉ ဦးထံက တွေ့ရှိကြပါတယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြထားတယ်။

VB မျိုးကွဲ ကူးစက်ခံရသူ လူနာများတွင် အခြားမျိုးကွဲများ ကူးစက်ခံရသူများထက် ၎င်းတို့ရဲ့သွေးထဲမှာ ဗိုင်းရပ်စ်အဆင့် 3.5 မှ 5.5 ဆ ပိုများကြောင်းနဲ့ ခုခံအားစနစ် ပိုမိုလျင်မြန်စွာ ကျဆင်းလာကြောင်း ခွဲခြမ်းစိတ်ဖြာမှုမှ ပြသခဲ့ကြောင်း Agent France- Pressကဖော်ပြထားတယ်။

HIV ဗိုင်းရပ်စ်ဟာ အဆက်မပြတ်ပြောင်းလဲနေပြီး ကူးစက်ခံရသူတစ်ဦးစီတွင် အနည်းငယ်ကွဲပြားတဲ့ဗားရှင်းရှိသဖြင့် များစွာပြောင်းလဲနေသော်လည်း VB မျိုးကွဲသည် ဗီဇပြောင်းလဲမှုပေါင်း 500 ကျော်ရှိကြောင်း AFP ကဆိုပါတယ်။

“ဒီဗိုင်းရပ်စ်မျိုးကွဲအသစ်အတွက် အထိတ်တလန့်ဖြစ်စရာအကြောင်းမရှိပါဘူး” ဟု Oxford ကူးစက်ရောဂါဗေဒပညာရှင် Chris Wymant က ဗိုင်းရပ်စ်အကြောင်းနဲ့ပတ်သက်ပြီး AFP သို့ ပြောကြားခဲ့တယ်။

VB မျိုးကွဲကို ရှာဖွေတွေ့ရှိမှုဟာ “ဗိုင်းရပ်စ်များသည် ပိုမိုပျော့ပျောင်းလာစေရန် ဆင့်ကဲဆင့်ကဲပြောင်းလဲလာမယ်လို့ ကျွန်ုပ်တို့အယုံအကြည်လွန်ကဲစွာ ဘယ်သောအခါမှ မယုံကြည်သင့်ကြောင်း သတိပေးချက်တစ်ခု ဖြစ်သင့်တယ်” လို့ Wymant ကဆက်လက်ပြောကြားပါတယ်။

Zawgyi







နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်