ဖလမ်းမြို့နယ်တွင် စစ်ကောင်စီပစ်သတ်လို့သေဆုံးတဲ့ ရွာသား ၂ယောက်အလောင်းတွေ့ရှိ

အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကလေးမြို့ကနေတက်လာတဲ့ အောက်တိုဘာ ၁၁ ရက်တွင် ဖလမ်းမြို့နယ် ထင်းရူးစခန်းအနီး သူဖယ် (Tuphei khua) ကျေးရွာသား ၂ ယောက်ကိုပစ်သတ်ရာ ဒီမနက် အောက်တိုဘာ ၁၃ ရက်တွင် လမ်းဘေးတွင်၄င်းတို့ ၂ယောက်အလောင်းတွေ့ရှိတယ်လို့ ရွာသားတွေထံမှသတင်းရရှိပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားတဲ့သူတွေကတော့ ကလေး ၂ယောက်ရဲ့ဖခင် ဦးထောင်လွန်မာန် -Pa Thawng Lun Mang (၂၉နှစ်) နဲ့ ဆလိုင်းထောင်နေမော- Salai Thawng Nei Mawi (၃၄ နှစ်) တို့ဖြစ်ပါတယ်။

သူဖယ်ရွာသားတစ်ဦးက “သူတို့က ခြေခြေနဲ့ ဇောင်လေဲရွာဘက်သို့သွားတယ်။ အဲ့ဒီချိန်မှာ စစ်ကောင်စီတပ်တွေကလည်း ဇောင်လေဲရွာကနေ ဖလမ်းဘက်ကိုတက်လာတဲ့ချိန်။ အဲ့ည သူတို့နှစ်ယောက်အိမ်ပြန်မလာလို့ မိသားစုတွေတော်တော်စိတ်ပူပန်ကြတယ်။ သူတို့ကိုဖမ်းခေါ်တာလာပေါ့။ မနေ့ကလည်း သူတို့ကိုလိုက်ရှာဖို့စိတ်ကူးပေမယ့် စစ်သားတွေရှိနေသေးလို့ ဒီမနက်မှာပဲလိုက်ရှာတာ ကလေးကနေ ကီလိုမီတာ ၈၁ ဒသမ ၅ မှတ်တိုင်နားမှာ လမ်းဘေး ၂ ပေလောက်အကွာမှာ သွေးကွက် တစ်ကွက်တွေ့တယ်။ အဲ့နားတဝိုက်ကိုဆက်ရှာတော့ လမ်းဘေးမှာ မျက်စိမှာသေနတ်ဒဏ်ရာနဲ့ ဦးထောင်လွန်မာန်အလောင်းကိုတွေ့တယ်။ သူနဲ့သိပ်မဝေးတဲ့နေရာမှာ ဆလိုင်းထောင်နေမောအလောင်းကို ထပ်တွေ့တယ်။ သူက ဗိုက်မှာ သေနတ်ဒဏ်ရာ ၄ ချက်ထိတယ်။ အစကတော့ အလောင်းအောက်မှာ ဗုံးတွေထောင်ထားမလာလို့ချက်ချင်းမကောက်ရဲသေးဘူး။ အခု နေ့လည် ၁၂ နာရီမှာ အလောင်းတွေကိုကောက်ပြီတော့ ချက်ချင်းမြေမြုပ်သဂြိုလ်ဖို့ RC Father တစ်ပါးကစီစဉ်နေတယ်” လို့ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ လမ်းတလျှောက် သေနတ်နဲ့ လက်နက်ကြီးတွေရမ်းသမ်းပတ်ခတ်တာကြောင့် ဖလမ်းမြို့နယ် ဇောလ်နူးကျေးရွာသားတစ်ယောက်လည်း တောင်ယာလုပ်နေစဉ် ဒူးခေါင်းမှာ ကျည်ဆံထိမိသွားပါတယ်။

Zawgyi

ဖလမ္းၿမိဳ႕နယ္တြင္ စစ္ေကာင္စီပစ္သတ္လုိ႔ေသဆံုးတဲ့ ရြာသား ၂ေယာက္အေလာင္းေတြ႔ရွိ

အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြ ကေလးၿမိဳ႕ကေနတက္လာတဲ့ ေအာက္တုိဘာ ၁၁ ရက္တြင္ ဖလမ္းၿမိဳ႕နယ္ ထင္းရူးစခန္းအနီး သူဖယ္ (Tuphei khua) ေက်းရြာသား ၂ ေယာက္ကိုပစ္သတ္ရာ ဒီမနက္ ေအာက္တိုဘာ ၁၃ ရက္တြင္ လမ္းေဘးတြင္၄င္းတို႔ ၂ေယာက္အေလာင္းေတြ႔ရွိတယ္လုိ႔ ရြာသားေတြထံမွသတင္းရရွိပါတယ္။

အၾကမ္းဖက္ စစ္ေကာင္စီတပ္ရဲ႕ ေသနတ္ဒဏ္ရာနဲ႔ေသဆံုးသြားတဲ့သူေတြကေတာ့ ကေလး ၂ေယာက္ရဲ႕ဖခင္ ဦးေထာင္လြန္မာန္ -Pa Thawng Lun Mang (၂၉ႏွစ္) နဲ႔ ဆလုိင္းေထာင္ေနေမာ- Salai Thawng Nei Mawi (၃၄ ႏွစ္) တုိ႔ျဖစ္ပါတယ္။

သူဖယ္ရြာသားတစ္ဦးက “သူတို႔က ေျခေျခနဲ႔ ေဇာင္ေလဲရြာဘက္သို႔သြားတယ္။ အဲ့ဒီခ်ိန္မွာ စစ္ေကာင္စီတပ္ေတြကလည္း ေဇာင္ေလဲရြာကေန ဖလမ္းဘက္ကိုတက္လာတဲ့ခ်ိန္။ အဲ့ည သူတို႔ႏွစ္ေယာက္အိမ္ျပန္မလာလို႔ မိသားစုေတြေတာ္ေတာ္စိတ္ပူပန္ၾကတယ္။ သူတို႔ကိုဖမ္းေခၚတာလာေပါ့။ မေန႔ကလည္း သူတို႔ကိုလိုက္ရွာဖို႔စိတ္ကူးေပမယ့္ စစ္သားေတြရွိေနေသးလို႔ ဒီမနက္မွာပဲလိုက္ရွာတာ ကေလးကေန ကီလိုမီတာ ၈၁ ဒသမ ၅ မွတ္တုိင္နားမွာ လမ္းေဘး ၂ ေပေလာက္အကြာမွာ ေသြးကြက္ တစ္ကြက္ေတြ႔တယ္။ အဲ့နားတဝိုက္ကိုဆက္ရွာေတာ့ လမ္းေဘးမွာ မ်က္စိမွာေသနတ္ဒဏ္ရာနဲ႔ ဦးေထာင္လြန္မာန္အေလာင္းကိုေတြ႔တယ္။ သူနဲ႔သိပ္မေဝးတဲ့ေနရာမွာ ဆလုိင္းေထာင္ေနေမာအေလာင္းကို ထပ္ေတြ႔တယ္။ သူက ဗိုက္မွာ ေသနတ္ဒဏ္ရာ ၄ ခ်က္ထိတယ္။ အစကေတာ့ အေလာင္းေအာက္မွာ ဗံုးေတြေထာင္ထားမလာလုိ႔ခ်က္ခ်င္းမေကာက္ရဲေသးဘူး။ အခု ေန႔လည္ ၁၂ နာရီမွာ အေလာင္းေတြကိုေကာက္ၿပီေတာ့ ခ်က္ခ်င္းေျမျမဳပ္သၿဂိဳလ္ဖို႔ RC Father တစ္ပါးကစီစဥ္ေနတယ္” လို႔ေျပာပါတယ္။

အၾကမ္းဖက္ စစ္ေကာင္စီတပ္သားေတြဟာ လမ္းတေလွ်ာက္ ေသနတ္နဲ႔ လက္နက္ၾကီးေတြရမ္းသမ္းပတ္ခတ္တာေၾကာင့္ ဖလမ္းၿမိဳ႕နယ္ ေဇာလ္ႏူးေက်းရြာသားတစ္ေယာက္လည္း ေတာင္ယာလုပ္ေနစဥ္ ဒူးေခါင္းမွာ က်ည္ဆံထိမိသြားပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်