ဖလမ်းမြို့နယ်မှာ CNDF တပ်သားတစ်ဦး မျက်လုံးဖောက်ကာ လည်လှီးသတ်ဖြတ်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းပေါ်ရှိ တားလ်ရွာနဲ့ တလန်ဇာရွာကြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်က CNDF တပ်သား Salai Tuan Nei Sum ကိုဖမ်းဆီးခေါ်ဆောင်ပြီး
မျက်စိဖောက်ကာ လည်လှီးသတ်ဖြတ်သွားကြတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ CNDF သင်တန်းဆင်း Salai Tuan Nei Sum ဟာ ဖေဖော်ဝါရီ ၂၇ ရက်ညနေပိုင်းက ဖလမ်းမြို့ကနေ ဟားခါးဘက်သို့ ဆိုင်ကယ်တစ်စီးနဲ့ အရှိန်ပြင်းပြင်းမောင်းလာကာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက လုံပီးရပ်ကွက်တွင် ရပ်တန့်ခိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ အလောင်းကို မတ်လ ၁ ရက်က ရွာသားတွေက ပြန်လည်တွေ့ရှိပြီး မတ်လ ၂ ရက်နေ့မှာ မိဘတွေက အလောင်းကိုလာရောက်သယ်ဆောင်သွားကြပါတယ်။

Zawgyi




နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်