ဖလမ်းမြို့နားမှာ စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ ဖလမ်းမြို့အကျော် ထလန်ရောန် (Thlanrawn) ရွာနားမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၁ နာရီလောက်ကစပြီးအာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို ရိက္ခာပို့ဖို့တက်လာတဲ့ စစ်ကား အစီး ၂၀ ဟာ ဖေဖော်ဝါရီ ၂၆ ရက်ညက ဖလမ်းမြို့မှာညအိပ်ရပ်နားသွားပါတယ်။ ကလေး-ဖလမ်းကြားမှာလည်း CDM Siyin နဲ့ CNDF တို့က ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်ပိုင်းမှာ ဖလမ်းကနေ ဟားခါးဘက်ကိုထွက်ခွာပြီး ဖလမ်းမြို့အထွက် လုံပီရပ်ကွက်မှာ လက်နက်ကြီးနဲ့သေနတ်တွေပစ်ဖောက်ကာ ဘုရားကျောင်းအတွင်း ညအိပ်ကြပါတယ်။

ဒေသခံတစ်ဦးက “စစ်ခွေးတွေက လုံရန်းနှစ်ခြင်းဘုရားကျောင်းထဲမှာမနေ့ည အိပ်ကြတယ်။ လမ်းဘေးတလျှောက်အိမ်တွေကိုဖောက်ကြတယ်။ ဆိုင်ခန်းတွေလည်းဖောက်ပြီး ပစ္စည်းခိုးသွားကြတယ်။ တိတိကျကျသိတာတောင် အိမ် ၁၀ လုံး ဖောက်ခံရတယ်။ ဒီမနက်မှာ စစ်ခွေးက ခြေလျင်နဲ့ ထလန်ရောန်ဘက်ကိုသွားကြတယ်။ ကားကတော့ ဖြည်းဖြည်းချင်းပဲသွားတယ်” လို့ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့တပ်ကုန်းက သံချပ်ကာ တစ်စီးကိုပြန်ယူကာ မနေ့ညကလည်း ဖလမ်းမြို့ကနေ စစ်ကား တစ်စီးတပ်ကူသွားကြတယ်လို့သိရတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မနေ့ကတော့ ကျနော်တို့သွားမပစ်ဘူး။ ဒီမနက်ကတော့ မိုင်းပဒေသာတစ်လုံးဆွဲတယ်။ ပစ်ခတ်တာလည်း နည်းနည်းရှိတယ်” လို့ပြောပါတယ်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ လက်ရှိ ဖလမ်း-ဟားခါးလမ်းမပေါ်ရှိ လုံပီးရပ်ကွက်၊ ထလန်ရောန်၊ တားလ်၊ တလန်ဇာ၊ ရမ်ထလိုကျေးရွာက ပြည်သူများအားလုံး မနေ့ကတည်းက ဘေးလွတ်ရာကိုတိမ်းရှောင်ကြပါတယ်။

Zawgyi

ဖလမ္းၿမိဳ႕နားမွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းပူးေပါင္းကာကြယ္ေရးတပ္တို႔ တိုက္ပြဲျဖစ္ပြား

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕အေက်ာ္ ထလန္ေရာန္ (Thlanrawn) ရြာနားမွာ ဒီေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္ မနက္ ၁၁ နာရီေလာက္ကစၿပီးအာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ခ်င္းပူးေပါင္းကာကြယ္ေရးတပ္ဖြဲ႔ၾကား တုိက္ပြဲျဖစ္ပြားတယ္လုိ႔သတင္းရရွိပါတယ္။

ကေလးၿမိဳ႕ကေန ခ်င္းျပည္နယ္ဘက္ကို ရိကၡာပို႔ဖို႔တက္လာတဲ့ စစ္ကား အစီး ၂၀ ဟာ ေဖေဖာ္ဝါရီ ၂၆ ရက္ညက ဖလမ္းၿမိဳ႕မွာညအိပ္ရပ္နားသြားပါတယ္။ ကေလး-ဖလမ္းၾကားမွာလည္း CDM Siyin နဲ႔ CNDF တို႔က ၂ ၾကိမ္မိုင္းဆြဲတုိက္ခိုက္ခဲ့ပါတယ္။

ယမန္ေန႔ ေဖေဖာ္ဝါရီ ၂၇ ရက္မနက္ပိုင္းမွာ ဖလမ္းကေန ဟားခါးဘက္ကိုထြက္ခြာၿပီး ဖလမ္းၿမိဳ႕အထြက္ လံုပီရပ္ကြက္မွာ လက္နက္ၾကီးနဲ႔ေသနတ္ေတြပစ္ေဖာက္ကာ ဘုရားေက်ာင္းအတြင္း ညအိပ္ၾကပါတယ္။

ေဒသခံတစ္ဦးက “စစ္ေခြးေတြက လံုရန္းႏွစ္ျခင္းဘုရားေက်ာင္းထဲမွာမေန႔ည အိပ္ၾကတယ္။ လမ္းေဘးတေလွ်ာက္အိမ္ေတြကိုေဖာက္ၾကတယ္။ ဆုိင္ခန္းေတြလည္းေဖာက္ၿပီး ပစၥည္းခိုးသြားၾကတယ္။ တိတိက်က်သိတာေတာင္ အိမ္ ၁၀ လံုး ေဖာက္ခံရတယ္။ ဒီမနက္မွာ စစ္ေခြးက ေျခလ်င္နဲ႔ ထလန္ေရာန္ဘက္ကိုသြားၾကတယ္။ ကားကေတာ့ ျဖည္းျဖည္းခ်င္းပဲသြားတယ္” လုိ႔ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ ဖလမ္းၿမိဳ႕တပ္ကုန္းက သံခ်ပ္ကာ တစ္စီးကိုျပန္ယူကာ မေန႔ညကလည္း ဖလမ္းၿမိဳ႕ကေန စစ္ကား တစ္စီးတပ္ကူသြားၾကတယ္လုိ႔သိရတယ္။

CNDF ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “မေန႔ကေတာ့ က်ေနာ္တုိ႔သြားမပစ္ဘူး။ ဒီမနက္ကေတာ့ မုိင္းပေဒသာတစ္လံုးဆြဲတယ္။ ပစ္ခတ္တာလည္း နည္းနည္းရွိတယ္” လုိ႔ေျပာပါတယ္။

စစ္ေကာင္စီဘက္က အင္အား ၂၀၀ ေလာက္ရွိမယ္လို႔ခန႔္မွန္းရပါတယ္။ လက္ရွိ ဖလမ္း-ဟားခါးလမ္းမေပၚရွိ လံုပီးရပ္ကြက္၊ ထလန္ေရာန္၊ တားလ္၊ တလန္ဇာ၊ ရမ္ထလုိေက်းရြာက ျပည္သူမ်ားအားလံုး မေန႔ကတည္းက ေဘးလြတ္ရာကိုတိမ္းေရွာင္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်