ဖလမ်းမြို့နှင့် ဟားခါးမြို့တွင် ၁၀ ရက်ကြာမီးပျက်တာကြောင့် မီးသွေးဈေး အဆမတန်မြင့်တက်

ချင်းပြည်နယ် ဖလမ်းမြို့ နှင့် ဟားခါးမြို့ တွင် ၁၀ ရက်ကြာလျှပ်စစ်မီး ပြတ်တောက်နေသောကြောင့် မီးသွေးဈေး တစ်ဆကနေ နှစ်ဆထိ တက်သွားတယ်လို့ သိရပါတယ်

အရင် မီးမပျက်ခင်က မီးသွေးတစ်အိတ်ကို ခြောက်ထောင်ကျပ် ဝန်းကျင်ဖြင့်ဝယ်ရသော်လည်း ယခုချိန်တွင် ဖလမ်းမြို့၌ မီးသွေး တစ်အိတ်ကို ၁၃၀၀၀ ကျပ်၊ ဟားခါးမြို့တွင် မီးသွေးတစ်အိတ်ကို ၂သောင်းနီးပါးထိ မီးသွေးဈေး ခုန်တက် သွားတယ်လို့ သိရပါတယ်။

လျှပ်စစ်မီးပြတ်သွားတာကြောင့် အများစုက မီးသွေးနဲ့သာ အဓိက ထမင်းချက်ကြလို့ ဝယ်လိုအားများပြီး အခုလို ဈေးတက်တာဖြစ်ပါတယ်။

“မီးမလာ‌တော့ ရေခဲသေတ္တာ သား ငါး တွေထားရတာ ပြဿနာဖြစ်လာတယ်။ မီးစက်ကြီးတွေ ငှားပြီး ငှားရမ်းခ တစ်နေ့ကို ၂သောင်းပေးနေရတယ်။ မီးသွေး ဈေးတွေတက်တော့ စားသောက်ဆိုင်မှာ ဆိုတော့ တစ်နေ့ကို တစ်အိတ်နူန်းနီးပါး သုံးနေရတော့ အဆင်‌မပြေတော့ဘူး”လို့ ဖလမ်းမြို့က စားသောက်ဆိုင် ပိုင်ရှင်တွေက ပြောပါတယ်။

Zalen ad

ဟားခါးမြို့တွင်းမှာတော့ အစုလိုက်ဝယ်ယူနေကြတာကြောင့် မီးသွေးဝယ်လို့မရတဲ့နေ့တွေလည်းရှိတယ်လို့သိရတယ်။

သာမန်မိသားစုတစ်စုတွင် တစ်ပတ်ကို မီးသွေးတစ်အိတ်နှုန်းသုံးနေကြကြောင်းသိရတယ်။ မီးပျက်ရတဲ့အကြောင်းရင်းက ဟားခါးကနေ ဂန့်ဂေါဘက် ၇ မိုင်အကွာ နီပီးကျေးရွာအနီး လျှပ်စစ်ဓာတ်အားတာဝါတိုင်ပျက်စီးသွားလို့မီးမရတာဖြစ်ကြောင်းသိရတယ်။

နောက်ဆုံးရသတင်းများ

ဟော်မုဇ်ရေလက်ကြားရှိ ကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုကို တုံ့ပြန်ပြီး အီရန်ကို အမေရိကန် ထပ်မံလေကြောင်းတိုက်ခိုက်

ဇွန် ၂၇၊ ၂၀၂၆Zalen ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ကုန်တင်သင်္ဘောတစ်စင်း အီရန်ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ အမေရိကန်က စွပ်စွဲပြီးနောက်၊ အီရန်နိုင်ငံအတွင်းရှိ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေကို အမေရိကန်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန်ဗဟိုစစ်ဌာနချုပ် ...

ဆက်ဖတ်ရန်