ဖလမ်းမြို့ ကားလေးဝန်းကို သိန်း (၅၀၀)နဲ့ မကြာခင် တည်ဆောက်တော့မယ်

ဖလမ်းမြို့ ကားလေးဝန်းကို ကျင်မွှာလ်ရပ်ကွက် တရုတ်သုဿန်ဟောင်းနေရာတွင် သိန်း (၅၀၀)နဲ့ မကြာခင်အတွင်း တည်ဆောက်တော့မယ်လို့ မြို့နယ် စည်ပင်ကော်မတီထံမှသတင်းရရှိပါတယ်။

လက်ရှိ ဖလမ်းမြို့တွင် ကားလေးဝန်းနဲ့ ကားကြီးဝန်းမရှိတာကြောင့် လမ်းမကြီးဘေးတွင် ကားဂိတ်များဖွင့်လှစ်ထားသဖြင့် ယာဉ်အသွားအလာအတွက် အန္တရာယ်ရှိတာကတစ်ကြောင်း၊ ခရီးသည်များ အလေး၊ အပျော့သွားမယ့်နေရာမလုပ်သဖြင့် အခက်အခဲဖြစ်နေကြပါတယ်။

ဖလမ်းမြို့နယ် စည်ပင်ကော်မတီဝင် ဦးလျန်ထန်က “သိန်း ၅၀၀ နဲ့မြေညို့မယ်။ အောက်ပိုင်းမှာလည်း သဂြိုင်းရှိတော့ မြေထိန်းနံရံတစ်ဝက်လောက်လုပ်နိုင်မယ်ထင်တယ်။ ကားဂိတ်အဆောက်အဦးတွေတော့ ဂိတ်ပိုင်ရှင်တွေထည့်ဝင်ငွေနဲ့ ဆောက်ဖို့စဉ်းစားထားတယ်။ အခု မြေညို့မယ့်ကုမ္ပဏီတွေတင်ဒါခေါ်နေတာဆိုတော့ နောက်နှစ် ဇန်နဝါရီလ နောက်ဆုံးပတ်လောက်မှာ လုပ်ငန်းစတင်နိုင်မယ်ထင်တယ်” လို့ပြောပါတယ်။

တရုတ်သုဿန်ဟောင်းဟာ နှစ်ပေါင်း (၁၀၀)လောက်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတွင် အသုံးမပြုတော့ပါ။ ဒါကြောင့် ဒီဇင်ဘာ (၁၄)ရက်တွင် သစ်ပင်များခုတ်ထွင်ရှင်းလင်းပြီး အရိုးအိုးများပြန်လည်ဖော်ထုတ်ကြပါတယ်။

Zalen ad

ကားလေးဝန်းအတွက် မြေ (၁)ဧကအကျယ် လျာထားပြီး နောက်နှစ်အတွင်း ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်