ဖလမ်းမြို့ ဆန္ဒပြ ခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးဖို့ ရဲက အမှုဖွင့်ထား

ဖလမ်းမြို့တွင် ဆန္ဒပြဦးဆောင်သူ ၂ ဦးကို ဒီကနေ့ ရဲက ဖမ်းဆီးဖို့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းရရှိပါတယ်။

ဖလမ်းမြို့နယ် ရဲစခန်း ဒုရဲမှူး သိန်းဇော်က “ဆန္ဒပြလို့အမှုဖွင့်တာပေါ့ဗျာ။ ရဲပိုင်တဲ့အမှုဆိုတော့ ဝရမ်းထုတ်စရာမလိုဘူး။ ရဲက အချိန်မရွေးဖမ်းလို့ရတယ်လေ။ သူတို့ကို ၅၀၅ (က)နဲ့အမှုဖွင့်ထားတယ်။ နာမည်တွေကတော့ တရားခံမမိသေးလို့ ပြောလို့မရသေးဘူး” လို့ပြောပါတယ်။

ပြင်ပမှာတော့ အမှုဖွင့်ခံရတဲ့ လူငယ်တွေဟာ ဒေးဗစ် နဲ့ ဇာဗျက်လျန်လို့ သတင်းထွက်ပေါ်နေပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဟာ ဆန္ဒပြသူတွေအများစုကို အမှုဖွင့်တဲ့ပုဒ်မဖြစ်ပြီး ယင်းပုဒ်မဟာ အာမခံမရတဲ့ပုဒ်မဖြစ်သလို ထောင် (၃)နှစ်ထိချမှတ်နိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

လက်ရှိ ဖလမ်းမြို့တွင် ဆန္ဒပြတဲ့သူ ၃ ဦးဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (က)နဲ့စွဲချက်တင်ပြီး အမှုရင်ဆိုင်နေကြပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်