ဖလမ်း-ကလေးလမ်းမတွင် ဆိုင်ကယ်တစ်စီးကမိုင်းနင်းမိတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ကလေးလမ်းမပေါ်မှာရှိတဲ့ ဗားလုံနဲ့ ဇောင်းလဲကျေးရွာကြားတွင် ယမန်နေ့ ဇွန် ၃၀ ရက် ဆိုင်ကယ်တစ်စီးက မိုင်းနင်းမိလို့ ဟားခါး ပညာရေးဒီဂရီ ကော်လိပ် ပထမနှစ်ကျောင်းသား ဆလိုင်းပီတာ ဒိမ်း လျန် ဆန်း (၂၂နှစ်)ပွဲချင်းသေဆုံးတယ်လို့သတင်းရရှိပါတယ်။

၎င်းနဲ့အတူ ဆိုင်ကယ်စီးလာတဲ့ ဆလိုင်းဗန်လျန်အုပ်ကတော့ ဒဏ်ရာရရှိသွားတယ်လို့သိရတယ်။ အရင်ပတ်က ကလေးမြို့ကနေ ချင်းတောင်ဘက်သို့ စစ်ကား အစီး ၂၅ ကျော်တက်လာပြီး ဖလမ်းဘက်သို့ဦးတည်လာကာ ဒီနေ့ထိ ဇောင်ကောင်းကျေးရွာအနီးတဝိုက်တွင် ခြေလျင်နဲ့တက်လာတယ်လို့သိရတယ်။

ဆိုင်ကယ်မိုင်းနင်းမိတဲ့နေရာ စစ်ကောင်စီတပ်တွေ ဖြတ်လာမယ့်ကားလမ်းမဖြစ်ပါတယ်။

Zawgyi

Zalen ad

ဖလမ္း-ကေလးလမ္းမတြင္ ဆိုင္ကယ္တစ္စီးကမိုင္းနင္းမိတာေၾကာင့္ အရပ္သားတစ္ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရ

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ဖလမ္း-ကေလးလမ္းမေပၚမွာရွိတဲ့ ဗားလုံနဲ႔ ေဇာင္းလဲေက်း႐ြာၾကားတြင္ ယမန္ေန႔ ဇြန္ ၃၀ ရက္ ဆိုင္ကယ္တစ္စီးက မိုင္းနင္းမိလို႔ ဟားခါး ပညာေရးဒီဂရီ ေကာ္လိပ္ ပထမႏွစ္ေက်ာင္းသား ဆလိုင္းပီတာ ဒိမ္း လ်န္ ဆန္း (၂၂ႏွစ္)ပြဲခ်င္းေသဆုံးတယ္လို႔သတင္းရရွိပါတယ္။

၎နဲ႔အတူ ဆိုင္ကယ္စီးလာတဲ့ ဆလိုင္းဗန္လ်န္အုပ္ကေတာ့ ဒဏ္ရာရရွိသြားတယ္လို႔သိရတယ္။ အရင္ပတ္က ကေလးၿမိဳ႕ကေန ခ်င္းေတာင္ဘက္သို႔ စစ္ကား အစီး ၂၅ ေက်ာ္တက္လာၿပီး ဖလမ္းဘက္သို႔ဦးတည္လာကာ ဒီေန႔ထိ ေဇာင္ေကာင္းေက်း႐ြာအနီးတဝိုက္တြင္ ေျခလ်င္နဲ႔တက္လာတယ္လို႔သိရတယ္။

ဆိုင္ကယ္မိုင္းနင္းမိတဲ့ေနရာ စစ္ေကာင္စီတပ္ေတြ ျဖတ္လာမယ့္ကားလမ္းမျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်