ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နေလို့ တနိုင်ငံလုံး မိုးကြီးနိုင်

မေ ၁၄၊ ‌၂၀၂၆
Zalen

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဒီလ မေ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်းမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာဝန်ကြီးဌာန (MOHADM) က သတိပေးလိုက်ပါတယ်။

အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုပြီးအားကောင်းလာနိုင်သလို မုန်တိုင်းငယ်အဆင့်အထိတောင် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါကြောင့်လည်း မေလ ၁၇ ရက်နေ့အထိ နေရာအနှံ့ မိုးရွာနိုင်ပြီး အထူးသဖြင့် ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ မကွေး၊ ရခိုင်၊ မွန်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

Zalen ad

မြေပြင်သတင်းတွေအရလည်း လက်ရှိမှာ အဲဒီဒေသတချို့မှာ ပုံမှန်ထက် မိုးပိုကြီးနေပြီး လေပြင်းတိုက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အိန္ဒိယမိုးလေဝသဌာနကလည်း ဒီလေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်မလာသေးပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတွေမှာ မိုးနဲ့ လေပြင်းအန္တရာယ် သတိထားဖို့ ပြောထားပါတယ်။

အထူးသဖြင့် မနက်ဖြန် မေ ၁၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေ မှာ မိုးပိုကြီးလာနိုင်သလို ပင်လယ်ပြင်မှာလည်း လှိုင်းအမြင့် ၆ ပေကနေ ၈ ပေလောက်အထိ ရှိနိုင်တာကြောင့် ကမ်းရိုးတန်းမှာရှိတဲ့သူတွေအနေနဲ့ လေပြင်းတိုက်တာနဲ့ လှိုင်းကြီးတာတွေကို အထူးသတိပြုဖို့ လိုပါလိမ့်မယ်။

ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်နေတာကြောင့် မိုးရွာတဲ့အခါ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာမျိုးတွေ ဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြဖို့ အကြံပြုထားပါတယ်ခင်ဗျာ။

Emily

ဓာတ်ပုံ- Zalen

#မိုးလေဝသသတင်း#တနိုင်ငံလုံးမိုးကြီးနိုင်#MOHADM#Zalen

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်