ဘီအီး (BE) အရက် ပီပါ ၅ လုံးကို CNO/CNDF ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် CNO/CNDF ထိန်းချုပ်နယ်မြေအတွင်း ယမန်(ဧပြီလ ၂၈ရက်) ည ၉နာရီအချိန်ခန့်တွင် ဖလမ်းမြို့ပြည်သူ့ရဲတပ်ဖွဲ့ နှင့် CNDF ပူးပေါင်းပြီး ဘီအီး(BE) အရက် ပီပါ ၅ လုံးဖမ်းဆီးဖျက်ဆီးကြောင်း ပြည်သူ့ရဲဒုဦးစီးထံမှ သိရသည်။

” CNO ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းချခွင့်ပိတ်ထားတယ်။ ကျေးရွာတိုင်းမှာအကြောင်းကြားစာလည်းပို့ထားပြီပြီး၊တားဆီးထားတဲ့ကြားကနေရောင်းတာဖြစ်တဲ့အတွက် ဖမ်းဆီးရတာပါ”ဟု ပြည်သူရဲဒုဦးစီးမှပြောကြားပါသည်။

ဖမ်းဆီးထားတဲ့ ဘီအီး(BE) အရက် ၅လုံးသည် ပလပ်စတိတ်ပုံအပြာဖြင့် တောထဲတစ်နေရာတွင် ဖွတ်ထားပြီး ပိုင်ရှင်ကိုCNO တရားရုံးတွင်အမူဖွင့်ထားကြောင်း CNDF ရဲ့ AGSO ထံမှသိရသည်။

“ကာလတန်ဖိုးအရ ဘီ​အီး(BE) ၁ ပီပါမှာ မြန်မာကျပ်ငွေ ၁၁ သိန်းလောက်ရှိတယ်။ ၅လုံးဆိုတော့ ကျပ်သိန်း ၅၅ သိန်းလောက်ပေါ့။ မူယစ်ဆေးဝါးပပျောက်ရေးအတွက် ပြည်သူများအနေဖြင့်ဝိုင်းဝန်းပေးကြပါ”ဟု CNDF ရဲ့ AGSO ကပြောကြားပါသည်။

Zalen ad

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်အတွင်းမူယစ်ဆေးဝါးပပျောက်ရေးအတွက် လူငယ်များ၊အသင်းအဖွဲ့မျာ နှင့် ဘာသာရေးခေါင်ဆောင်များကလည်း တားမြစ်ပိတ်ပင်ထားသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်