မင်းတပ်တွင်လက်နက်ကြီးသံကြားရပြီးနော်အိမ် ၁ လုံးမီးလောင်၊ ညမထွက်ရအချိန်ဖြစ်လို့ ပြည်သူတွေမကူညီနိုင်

မင်းတပ်မြို့ ဘဝသစ်ရပ်ကွက် မြို့ပါတ်လမ်းတွင် မနေ့ ဇူလိုင်၂၂ ရက်ည ၁၁း၂၀ အချိန်တွင် သေနတ်သံ ၁၀ ချက်ခန့် ကြားပြီးနောက်လူ‌နေအိမ်တစ်လုံးမီးလောင်လို့ တစ်ဦးသေဆုံးပြီး ၁ ဦးဏ်ရာရသွားတယ်လို့သတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “သေနတ်သံ လက်နက်ကြီးကျသံတွေကြားရပြီးနောက် အိမ်တွေမီးလောင်သွားတာ။ အားလုံး အိမ် ၁ လုံးလောင်သွားတယ်။ မီးလောင်တဲ့အိမ်ရှင်မတစ်ယောက်က ကျနော့်ကို ဖုန်းထဲကနေ ငိုယိုးပြီးပြောနေတယ်။ ညအပြင်မထွက်ရအချိန်မို့ ကူမယ့်သူလည်းမရှိဘူး” လို့ပြောပါတယ်။

မီးလောင်သွားတဲ့အိမ်ဟာ လ.ဝ.က ဝန်ထမ်း Non CDM ရဲ့အိမ်ဖြစ်ပြီး သားဖြစ်သူသေဆုံးကာ ဖခင်ကမီးလောင်ဒဏ်ရာရရှိထားပါတယ်။

ဇူလိုင် ၂၀ ရက်မနက်ပိုင်းကစပြီး မင်းတပ်မြို့နယ်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး မနေ့ဇူလိုင် ၂၂ ရက်အထိ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

Zalen ad

တောရွာတွေမှာနေထိုင်တဲ့ ဒုက္ခသည်တွေလည်း တိုက်ပွဲကြောင့် ထပ်မံပြီးစခန်းပြောင်းရွှေ့နေကြရတယ်။

(Zawgyi)

မင္းတပ္တြင္လက္နက္ၾကီးသံၾကားရၿပီးေနာ္အိမ္ ၁ လုံးမီးေလာင္၊ ညမထြက္ရအခ်ိန္ျဖစ္လို႔ ျပည္သူေတြမကူညီႏိုင္

မင္းတပ္ၿမိဳ႕ ဘဝသစ္ရပ္ကြက္ ၿမိဳ႕ပါတ္လမ္းတြင္ မေန႔ ဇူလိုင္၂၂ ရက္ည ၁၁း၂၀ အခ်ိန္တြင္ ေသနတ္သံ ၁၀ ခ်က္ခန႔္ ၾကားၿပီးေနာက္လူ‌ေနအိမ္တစ္လုံးမီးေလာင္လုိ႔ တစ္ဦးေသဆံုးၿပီး ၁ ဦးဏ္ရာရသြားတယ္လို႔သတင္းရရွိပါတယ္။

ေဒသခံတစ္ဦးက “ေသနတ္သံ လက္နက္ၾကီးက်သံေတြၾကားရၿပီးေနာက္ အိမ္ေတြမီးေလာင္သြားတာ။ အားလံုး အိမ္ ၁ လံုးေလာင္သြားတယ္။ မီးေလာင္တဲ့အိမ္ရွင္မတစ္ေယာက္က က်ေနာ့္ကို ဖုန္းထဲကေန ငိုယိုးၿပီးေျပာေနတယ္။ ညအျပင္မထြက္ရအခ်ိန္မို႔ ကူမယ့္သူလည္းမရွိဘူး” လို႔ေျပာပါတယ္။

မီးေလာင္သြားတဲ့အိမ္ဟာ လ.ဝ.က ဝန္ထမ္း Non CDM ရဲ႔အိမ္ျဖစ္ၿပီး သားျဖစ္သူေသဆံုးကာ ဖခင္ကမီးေလာင္ဒဏ္ရာရရွိထားပါတယ္။

ဇူလုိင္ ၂၀ ရက္မနက္ပိုင္းကစၿပီး မင္းတပ္ၿမိဳ႕နယ္မွာ တုိက္ပြဲျပန္လည္ျဖစ္ပြားၿပီး မေန႔ဇူလုိင္ ၂၂ ရက္အထိ တိုက္ပြဲ ၃ ၾကိမ္ျဖစ္ပြားခဲ့ပါတယ္။

ေတာရြာေတြမွာေနထုိင္တဲ့ ဒုကၡသည္ေတြလည္း တုိက္ပြဲေၾကာင့္ ထပ္မံၿပီးစခန္းေျပာင္းေရႊ႕ေနၾကရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်