မင်းတပ်နှစ်ခြင်းအသင်းတော်က ခရစ္စမတ် Snow Man ထပ်မံဖျက်ဆီးခံရ

မင်းတပ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှေ့တွင် ပြုလုပ်ထားတဲ့ ခရစ္စမတ် Snow Man ရုပ်ကို မနေ့ညက ဒုတိယအကြိမ် ထပ်မံဖျက်ဆီးခံရတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်နှစ်ခြင်းအသင်းတော် လူငယ်ပါစတာ ဆရာလောထန်းက “ကျနော်တို့ထင်တာကတော့ အမူးသမားတွေက ည ၁၀ နာရီနောက်ပိုင်းမှာဝင်လာပြီးတော့ ဖျက်ဆီးတာလို့ယူဆတယ်။ အခုတစ်ခေါက်နဲ့ဆိုရင် ဒုတိယအကြိမ်ရှိပြီးတော့ ကျနော်တို့အထင်ကတော့ ဒါ တမင်သက်သက်ဖျက်ဆီးတာလို့ယူဆတယ်။ ပထမဆုံးဖျက်ဆီးတုန်းကလည်း ပို့စ်တင်ပြီး စိတ်ဓာတ်တွေပြုပြင်ကြပါလို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့အသင်းတော်က ခုချိန်မှာမနက်ပိုင်းသီချင်းတွေဖွင့်တယ်။ တရားဟောချက်တွေထုတ်လွှင့်တယ်။ ဒါကို အိပ်ရေးပျက်လို့မကျေနပ်ကြတာလာ။ ဒါမှမဟုတ်တမင်သက်သက်ကို မူးရူးပြီးတော့ဖျက်ဆီးတာလာပေါ့။ အခုလည်း ပြန်ပြင်မယ်။ ဘာလို့လည်းဆိုတော့ ၂၅ ရက်ည အဲ့ဒီဘုရားကျောင်းရှေ့မှာ ရှိုးလုပ်ပြီး Live လွှင့်ဖို့အစီအစဉ်ရှိတယ်လေ။ ပြီးတော့ ဗလာမပါကံစမ်းမဲလည်းလုပ်ဖို့ရှိတယ်။ ရုပ်ထုက ၈ ပေလောက်မြင့်တယ်။ လေတိုက်ရင်မလဲအောင် အောက်မှာခိုင်ခံအောင်လုပ်တာတယ်။ အခုကလူတွေက တမင်သက်သက်လဲထားတဲ့သဘော” လို့ပြောပါတယ်။

Snow Man ရုပ်ထုကို ဒီဇင်ဘာ ၁၀ ရက်ညတွင် ပထမအကြိမ်၊ ဒီဇင်ဘာ ၁၉ ရက်ညတွင် ဒုတိယအကြိမ်ထပ်မံဖျက်ဆီးခံခဲ့ပါတယ်။

(Zawgyi)

မင္းတပ္ႏွစ္ျခင္းအသင္းေတာ္က ခရစၥမတ္ Snow Man ထပ္မံဖ်က္ဆီးခံရ

မင္းတပ္ႏွစ္ျခင္းအသင္းေတာ္ ဘုရားေက်ာင္းေရွ႕တြင္ ျပဳလုပ္ထားတဲ့ ခရစၥမတ္ Snow Man ရုပ္ကို မေန႔ညက ဒုတိယအၾကိမ္ ထပ္မံဖ်က္ဆီးခံရတယ္လို႔သတင္းရရွိပါတယ္။

မင္းတပ္ႏွစ္ျခင္းအသင္းေတာ္ လူငယ္ပါစတာ ဆရာေလာထန္းက “က်ေနာ္တို႔ထင္တာကေတာ့ အမူးသမားေတြက ည ၁၀ နာရီေနာက္ပိုင္းမွာဝင္လာၿပီးေတာ့ ဖ်က္ဆီးတာလို႔ယူဆတယ္။ အခုတစ္ေခါက္နဲ႔ဆိုရင္ ဒုတိယအၾကိမ္ရွိၿပီးေတာ့ က်ေနာ္တုိ႔အထင္ကေတာ့ ဒါ တမင္သက္သက္ဖ်က္ဆီးတာလို႔ယူဆတယ္။ ပထမဆံုးဖ်က္ဆီးတုန္းကလည္း ပို႔စ္တင္ၿပီး စိတ္ဓာတ္ေတြျပဳျပင္ၾကပါလို႔ ေမတၱာရပ္ခံပါတယ္။ က်ေနာ္တို႔အသင္းေတာ္က ခုခ်ိန္မွာမနက္ပိုင္းသီခ်င္းေတြဖြင့္တယ္။ တရားေဟာခ်က္ေတြထုတ္လႊင့္တယ္။ ဒါကို အိပ္ေရးပ်က္လို႔မေက်နပ္ၾကတာလာ။ ဒါမွမဟုတ္တမင္သက္သက္ကို မူးရူးၿပီးေတာ့ဖ်က္ဆီးတာလာေပါ့။ အခုလည္း ျပန္ျပင္မယ္။ ဘာလို႔လည္းဆိုေတာ့ ၂၅ ရက္ည အဲ့ဒီဘုရားေက်ာင္းေရွ႕မွာ ရႈိးလုပ္ၿပီး Live လႊင့္ဖို႔အစီအစဥ္ရွိတယ္ေလ။ ၿပီးေတာ့ ဗလာမပါကံစမ္းမဲလည္းလုပ္ဖို႔ရွိတယ္။ ရုပ္ထုက ၈ ေပေလာက္ျမင့္တယ္။ ေလတုိက္ရင္မလဲေအာင္ ေအာက္မွာခိုင္ခံေအာင္လုပ္တာတယ္။ အခုကလူေတြက တမင္သက္သက္လဲထားတဲ့သေဘာ” လုိ႔ေျပာပါတယ္။

Snow Man ရုပ္ထုကို ဒီဇင္ဘာ ၁၀ ရက္ညတြင္ ပထမအၾကိမ္၊ ဒီဇင္ဘာ ၁၉ ရက္ညတြင္ ဒုတိယအၾကိမ္ထပ္မံဖ်က္ဆီးခံခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်