မင်းတပ်မြို့နယ် စခန်းတစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချပြီး ပြည်သူ့တပ်နဲ့ပူးပေါင်း

ချင်းပြည်နယ် မင်းတပ်မြို့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ မကွီအိမ်နူး ရှေ့တန်း စခန်းတစ်ခုက စခန်းတာဝန်ရှိသူ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်အပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦးဟာလက်နက်ချပြီး အဖွဲ့ဝင်အချို့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။

အဲဒီစခန်းက တပ်ဖွဲ့ဝင်တစ်ချို့က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတွေလည်း ရှိနေသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီစခန်းကို သိမ်းပိုက်ဖို့အတွက် ဇူလိုင်လ ၂၄ ရက်နေ့က သွားခဲ့တာဖြစ်ပါတယ်။

စခန်းတာဝန်ရှိသူကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက်မချရင် တိုက်ခိုက်ရလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့အချိန်မှာ စခန်းတာဝန်ရှိသူက တိုက်ခိုက်မှုမလုပ်ခဲ့ဘဲ လက်နက်ချပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

CDF Mindat ရဲဘော်တစ်ဦးက “အဲ့ဒီစခန်းမှာ ရဲနဲ့ တပ် ၂ ခုနှစ်ပေါင်းနေကြတာ။ အရင်ကတော့ အဲ့စခန်းမှာ အယောက် ၂၀ လောက်နေတယ်။ CDM လုပ်ကြလို့ ရဲက ၄ ယောက်ပဲကျန်တယ်။ တပ်က ၈ ယောက်ကျန်တယ်။ ပြည်သူ့တပ်နဲ့ မပူးပေါင်းတဲ့သူတွေလည်းရှိတယ်။ သူတို့ကို ပြန်လွှတ်လိုက်တယ်။ အခြားအဆင့်တွေပါ။ ပူးပေါင်းတဲ့သူက ဗိုလ်ကြီးတစ်ယောက်၊ တပ်သား ၂ ယောက်ရယ် ရဲကသုံးယောက် စုစုပေါင်း ၆ ယောက်က ပူးပေါင်းတယ်။ ဈေးလာဝယ်တဲ့ ၂ယောက်ကို အရင်ထိန်းသိမ်းထားလိုက်တာ။ ပြီးမှ သူတို့ ဗိုလ်ကြီးကိုခေါ်ပြီးပြောတယ်။ အဲဒီမှာ တစ်ခွန်းပဲပြောလိုက်ရတယ်။ လက်နက်အပ်ပူးပေါင်းဖို့သဘောတူတယ်ပေါ့။ အဲ့မှာ အင်တာနက်မရတော့ သူတို့က ဘာမှမသိဘူး။ လက်ရှိအခြေအနေတပ်က ရိက္ခာလစာထောက်ပံ့တာလည်းမလုပ်နိုင်တာ ၂ လလောက်ရှိပြီးပြောတယ်။ ဒီတိုင်းကြီးပစ်ထားကြတာ”လို့ပြောပါတယ်။

မကွီအိမ်နူးရဲစခန်းဟာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဖြစ်တဲ့ စစ်သားနဲ့ရဲနဲ့ ပူးပေါင်းထားတဲ့ စခန်းဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ ခင်မင်ရင်းနှီးမှုရှိပြီး အာဏာသိမ်းပြီး အခုကာလအထိ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲ့စခန်းဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

မင္းတပ္ၿမိဳ႕နယ္ စခန္းတစ္ခုက စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား လက္နက္ခ်ၿပီး ျပည္သူ႔တပ္နဲ႔ပူးေပါင္း

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕နဲ႔ တြဲဖက္ထားတဲ့ မကြီအိမ္ႏူး ေရွ႕တန္း စခန္းတစ္ခုက စခန္းတာဝန္ရွိသူ စစ္တကၠသိုလ္အပတ္စဥ္ ၅၅ ေက်ာင္းဆင္း ဗိုလ္ႀကီးသိန္းထိုက္အပါအဝင္ တပ္ဖြဲ႕ဝင္ ၁၂ ဦးဟာလက္နက္ခ်ၿပီး အဖြဲ႔ဝင္အခ်ဳိ႕ ေဒသခံျပည္သူကာကြယ္ေရးတပ္ေတြနဲ႔ ပူးေပါင္းသြားခဲ့ပါတယ္။

အဲဒီစခန္းက တပ္ဖြဲ႕ဝင္တစ္ခ်ိဳ႕က အာဏာဖီဆန္ေရးလႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့ သူေတြလည္း ရွိေနသလို ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြက အဲဒီစခန္းကို သိမ္းပိုက္ဖို႔အတြက္ ဇူလိုင္လ ၂၄ ရက္ေန႔က သြားခဲ့တာျဖစ္ပါတယ္။

စခန္းတာဝန္ရွိသူကို ေဒသခံျပည္သူကာကြယ္ေရးတပ္ဖြဲ႕ဘက္က လက္နက္မခ်ရင္ တိုက္ခိုက္ရလိမ့္မယ္လို႔ ေျပာဆိုခဲ့တဲ့အခ်ိန္မွာ စခန္းတာဝန္ရွိသူက တိုက္ခိုက္မႈမလုပ္ခဲ့ဘဲ လက္နက္ခ်ၿပီး ျပည္သူကာကြယ္ေရးတပ္ဖြဲ႕နဲ႔ပူးေပါင္းခဲ့တာျဖစ္ပါတယ္။

CDF Mindat ရဲေဘာ္တစ္ဦးက “အဲ့ဒီစခန္းမွာ ရဲနဲ႔ တပ္ ၂ ခုႏွစ္ေပါင္းေနၾကတာ။ အရင္ကေတာ့ အဲ့စခန္းမွာ အေယာက္ ၂၀ ေလာက္ေနတယ္။ CDM လုပ္ၾကလို႔ ရဲက ၄ ေယာက္ပဲက်န္တယ္။ တပ္က ၈ ေယာက္က်န္တယ္။ ျပည္သူ႔တပ္နဲ႔ မပူးေပါင္းတဲ့သူေတြလည္းရွိတယ္။ သူတုိ႔ကို ျပန္လႊတ္လုိက္တယ္။ အျခားအဆင့္ေတြပါ။ ပူးေပါင္းတဲ့သူက ဗိုလ္ၾကီးတစ္ေယာက္၊ တပ္သား ၂ ေယာက္ရယ္ ရဲကသံုးေယာက္ စုစုေပါင္း ၆ ေယာက္က ပူးေပါင္းတယ္။ ေစ်းလာဝယ္တဲ့ ၂ေယာက္ကို အရင္ထိန္းသိမ္းထားလိုက္တာ။ ၿပီးမွ သူတုိ႔ ဗိုလ္ၾကီးကိုေခၚၿပီးေျပာတယ္။ အဲဒီမွာ တစ္ခြန္းပဲေျပာလိုက္ရတယ္။ လက္နက္အပ္ပူးေပါင္းဖို႔သေဘာတူတယ္ေပါ့။ အဲ့မွာ အင္တာနက္မရေတာ့ သူတို႔က ဘာမွမသိဘူး။ လက္ရွိအေျခအေနတပ္က ရိကၡာလစာေထာက္ပံ့တာလည္းမလုပ္ႏိုင္တာ ၂ လေလာက္ရွိၿပီးေျပာတယ္။ ဒီတုိင္းၾကီးပစ္ထားၾကတာ”လုိ႔ေျပာပါတယ္။

မကြီအိမ္ႏူးရဲစခန္းဟာ စစ္ေကာင္စီရဲ႕ တပ္ဖြဲ႕ေတြျဖစ္တဲ့ စစ္သားနဲ႔ရဲနဲ႔ ပူးေပါင္းထားတဲ့ စခန္းျဖစ္ၿပီး ေဒသခံျပည္သူေတြနဲ႔ ခင္မင္ရင္းႏွီးမႈရွိၿပီး အာဏာသိမ္းၿပီး အခုကာလအထိ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိေနတဲ့စခန္းျဖစ္တယ္လို႔ သိရပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်