မင်းတပ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးပြီး လက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်ဟုသိရ

ယနေ့ (ဇူလိုင် ၂၅ရက်) မင်းတပ်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခြင်း၊ အင်အား အလွန်အကျွံ အသုံးပြုခြင်းများကြောင့် နှစ်ဘက် အထိအခိုက်အကျဆုံး များနိုင်ကြောင်း သိရသည်။

မင်းတပ် – မတူပီ ကားလမ်းပေါ်တွင် CDF (မင်းတပ် နဲ့ မတူပီ) တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း The Matupi Times facebook စာမျက်နှာအရ သိရသည်။

CDF Mindat ဘက်မှ ထိခိုက်ကျဆုံးစာရင်းကို လုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ မထုတ်ပြန်နိုင်သေးကြောင်း မေတ္တာရပ်ခံထားသည်။

မင်းတပ်မြို့တွင် သက်ကြီးပိုင်း အမျိုးသမီး တစ်ဦးCovid19 positive ဖြစ်ပြီး၊ လက်ရှိတွင် အောက်ဆီဂျင်ပေးထားရပါသည်။ မင်းတပ်တွင် သံသယ လူနာ ၁၂ ဦးရှိနေပြီ ဖြစ်ကြောင်း ဒေသခံပရဟိတအသင်းဖြစ်သည့် ပရဟိတမိတ်ဆွေ facebook page တွင် တင်ထားသည်။

မင်းတပ် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။

(Zawgyi)
မင္းတပ္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္ေကာင္စီတပ္က အင္အားအလြန္အကၽြံသံုးၿပီး လက္နက္ၾကီးနဲ႔အဆက္မျပတ္ပစ္ခတ္ဟုသိရ

ယ​ေန႔ (ဇူလုိင္ ၂၅ရက္) မင္းတပ္ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ား ဆက္လက္ ျပင္းထန္ခဲ့ၿပီး အၾကမ္းဖက္စစ္​ေကာင္စီဘက္မွ လက္နက္ႀကီးမ်ား အဆက္မျပတ္ ပစ္ခတ္ျခင္း၊ အင္အား အလြန္အကြၽံ အသုံးျပဳျခင္းမ်ား​ေၾကာင့္ ႏွစ္ဘက္ အထိအခိုက္အက်ဆုံး မ်ားႏိုင္​ေၾကာင္း သိရသည္။

မင္းတပ္ – မတူပီ ကားလမ္း​ေပၚတြင္ CDF (မင္းတပ္ နဲ႔ မတူပီ) တပ္ဖြဲ႕မ်ား ပူး​ေပါင္း၍ တိုက္ခိုက္​ေန​ေၾကာင္း The Matupi Times facebook စာမ်က္ႏွာအရ သိရသည္။

CDF Mindat ဘက္မွ ထိခိုက္က်ဆုံးစာရင္းကို လုံၿခဳံ​ေရးႏွင့္ စစ္​ေရးအ​ေျခအ​ေနအရ မထုတ္ျပန္ႏိုင္​ေသး​ေၾကာင္း ​ေမတၱာရပ္ခံထားသည္။

မင္းတပ္ၿမိဳ႕တြင္ သက္ႀကီးပိုင္း အမ်ိဳးသမီး တစ္ဦးCovid19 positive ျဖစ္ၿပီး၊ လက္ရွိတြင္ ​ေအာက္ဆီဂ်င္​ေပးထားရ​ပါသည္။ မင္းတပ္တြင္ သံသယ လူနာ ၁၂ ဦးရွိ​ေနၿပီ ျဖစ္​ေၾကာင္း ေဒသခံပရဟိတအသင္းျဖစ္သည့္ ပရဟိတမိတ္​ေဆြ facebook page တြင္ တင္ထားသည္။

မင္းတပ္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ လာႏိုင္သည့္ အ​ေျခအ​ေနရွိ​ေၾကာင္း သိရသည္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်