မင်းတပ်မြို့ပေါ် ခလရ ၂၇၄ တပ်ရင်းကို စစ်ကောင်စီက ရိက္ခာအင်အားဆက်တိုက်ဖြည့်တင်းနေ

၅ ၊စက်တင်ဘာ ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့ ပေါ်တွင်တပ်စွဲနေထိုင်ကြတဲ့ ခလရ ၂၇၄ တပ်ရင်းကို စစ်ကောင်စီ လေကြောင်းကနေ ရိက္ခာအင်အားတွေဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဒေသခံတွေဆီကသတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၈၊ ၃၁)ရက်၊စက်တင်ဘာလ ၃ ရက်နေ့ နဲ့ ဒီကနေ့ ၅ ရက်နေ့မှာ Y-12 ကုန်တင်၊ကင်းတောက်လေယာဉ် ဖြင့် ခဲယမ်း၊မီးကျောက်၊ဆေးလိပ် ၊စားသောက်ကုန်ရိက္ခာတွေကို ဆက်တိုက်ပို့ဆောင်နေပြီး လေထီးဖြင့်ရိက္ခာချနေစဉ်မှာလည်း ကင်းထောက် ဒရုန်းတွေ ပျံဝဲနေတယ်လို့သိတယ်။

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးကတော့” ဒီနေ့လည်း Y-12နဲရိက္ခာပြန်လာဖြည့်ပါတယ်၊ပြီးတော့ ဒရုန်းတွေလည်းဝဲနေတယ်၊ ရိက္ခာတွေဆက်တိုက်ဖြည့်တာ အခု ၂၈ ကစပြီး ဒီနေ့အထိ လေးခါထက်မနည်းရှိတော့မယ်၊အရင်တုန်းကရိက္ခာလာဖြည့်ရင်လကုန်လောက်တစ်ခါပဲလာဖူးတာပါ” လို့ Zalen ကိုပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၉ နာရီ နဲ့၁၀နာရီ၀န်းကျင်အချိန် မှာလည်း စစ်ကောင်စီတပ်က ခလရ၂၇၄ တပ်ရင်းထဲကိုလေကြောင်း ကနေ လေထီးတွေနဲ့ ထပ်မံပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့တုန်းကလည်းမင်းတပ်မြို့နယ်အ နောက်ခြမ်း ၆မိုင်ကုန်းကိုစစ်ကောင်စီ ကလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

CNO/ CNDF နဲ့ HPO/ CDF – Hualngo ပဋိပက္ခတွင်ပါ၀င်ပတ်သက်ခြင်းမရှိဟု YA ထုတ်ပြန်

၁၄ ၊ဇူလိုင် ၊၂၀၂၅ Zalen လက်ရှိဖြစ်ပေါ်နေတဲ့ ချင်းပြည်နယ်အတွင်း CNO/ CNDF နဲ့ HPO/ CDF – Hualngo ပဋိပက္ခတွင်ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း Yaw Army – YA က မနေ့က ...

ဆက်ဖတ်ရန်