မတူပီမြို့နယ်တွင် နေ့စားလပေး ဆရာ၊မ (၁၂၀)ကျော်ခန့်အပ်

မတူပီမြို့နယ် အခြေခံပညာကျောင်းများတွင် ဒေသခံ နေ့စားလပေး ဆရာ၊မ (၁၂၅)ဦးကို ဒီဇင်ဘာလ (၁၁)ရက်က စတင်ခန့်အပ်တယ်လို့ ချင်းပြည်နယ် ပညာရေးမှူးရုံးက ဒီဇင်ဘာလ (၁၁)ရက်ကထုတ်ပြန်လိုက်ပါတယ်။

ယင်းခန့်အပ်တဲ့ ဆရာ၊မများတွင် ၉တန်းအောင်မှ ဘွဲ့ရအထိပါဝင်ပြီး တစ်နေ့ ငါးထောင်ကျပ် ရရှိကြမှာဖြစ်ပါတယ်။

ချင်းပြည်နယ် အစိုးရပြောခွင့်ပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “မတူပီမြို့နယ်က ဆရာ၊မ လစ်လပ်နေရာများလွန်းလို့ ထပ်မံခန့်အပ်ဖို့လိုတယ်ဆိုပြီး တင်ပြလာလို့ခန့်တာပါ။ အစကတော့ ဆရာ၊မ (၁၅၃)ဦးလိုအပ်တယ်လို့တင်ပါတယ်။ အရင်က ပလက်ဝမြို့နယ်မှာ နေ့စားလပေး ဆရာ၊မ (၃၆၀) ခန့်လိုက်ပြီ။ မူကတော့ နေ့စားလပေးခန့်အပ်လို့မရပေမယ့် အခုကတော့ သနားသောအားဖြင့် ပေးတာပါ။ တခြားမြို့နယ်တွေကတော့ အခုလိုဆရာ၊မ အခက်အခဲတင်ပြလာတာမရှိသေးဘူး” လို့ပြောပါတယ်။

မတူပီမြို့နယ် အခြေခံပညာကျောင်းတွင် ဆရာ၊မ လုံးဝမရှိတဲ့ ကျောင်း (၈)ကျောင်းရှိပြီး ဆရာ၊မ တစ်ဦးသာရှိတဲ့ ကျောင်း (၄၀)ခန့်ရှိတယ်လို့ မတူပီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန်ကပြောပါတယ်။

Zalen ad

ဦးလားလ်မင်းထန်က “အခုလို နေ့စားလပေး ခန့်အပ်ပေးတာကြောင့် အခက်အခဲတွေ အတန်အသင့် အဆင်ပြေသွားမယ်ထင်ပါတယ်။ ကျန်တဲ့မြို့နယ်မှာလည်းဆရာ၊မ အခက်အခဲရှိချင်ရှိမယ်။ ကိုယ်စားလှယ်တွေ ပြောရင်တော့ ကောင်းကောင်းခန့်နိုင်ပါတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်