မိုခါမုန်တိုင်းသင့် ချင်းနဲ့ရခိုင်ကို အမေရိကန်အစိုးရ ဒေါ်လာနှစ်သိန်း စတင်ကူညီ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်း တွေလုပ်ဖို့ အမေရိကန်ဒေါ်လာနှစ်သိန်း ( မြန်မာကျပ်ငွေသိန်းလေးထောင်ကျော်)ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးသွားမယ်လို့ အမေရိကန်သံရုံးက မေလ ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီငွေပမာဏဟာ ကနဦးအနေနဲ့ပေးအပ်တာဖြစ်ပြီး ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ လိုအပ်နေတဲ့ နေစရာရရှိရေး၊ ရေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူရာမှာ အသုံးပြုဖို့ဖြစ်တယ်လို့ ပြောပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေကို အမေရိကန်အစိုးရက ဆက်လက်ကူညီသွားဖို့ရှိတယ် လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မုန်တိုင်းသင့် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ဒုက္ခသည်တွေအတွက် မြန်မာငွေကျပ် ၅၉ သန်း ထောက်ပံ့ထားတယ်လို့ မေလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုတရားစွဲဆိုမှု စတင်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ Zalen မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၇နှင့် ၇ ဒဿမ ၅ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းသော ...

ဆက်ဖတ်ရန်