မီဇိုရမ်မှာ မြန်မာနိုင်ငံသားတဦးထံမှ ကျပ်ငွေ ၁၇ သန်းကျော် ဆေးရွက်ကြီး နဲ့ စီးကရက်များ ဖမ်းဆီးမိ

ဇန်နဝါရီ ၂၁ ၊ ၂၀၂၆။
Zalen
မီဇိုရမ်ပြည်နယ်၊ ရှာဟာ ခရိုင် အတွင်း ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်မှာ မြန်မာနိုင်ငံသားတဦး သယ်ဆောင် လာတဲ့ မြန်မာကျပ်ငွေ ၁၇ သန်းကျော်၊ ဆေးရွက်ကြီး နဲ့ နိုင်ငံခြားစီးကရက်များကိုဖမ်းဆီးမိကြောင်း အာသံရိုင်ဖယ်က ထုတ်ပြန်ထားပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ အဆိုပါမြန်မာနိုင်ငံသားထံကနေ မြန်မာငွေ ၁,၇၅,၀၀,၀၀၀ ၊ ရူပီး ၅ သောင်းတန်ဖိုးရှိ ဆေးရွက်ကြီး နဲ့ ရူပီး ၁၃၀,၀၀၀ တန်ဖိုးရှိ စီးကရက်များကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ ရှာဟာခရိုင်၊ သွီပန်းဧရိယာမှာ မိုဘိုင်းယာဉ်စစ်ဆေးရေးတစ်ခု တည်ထောင်ခဲ့ပြီး အင်္ဂါနေ့ နံနက် ၃ နာရီ ၃၅ မီနစ်မှာ မြန်မာနိုင်ငံ၊ ရခိုင်အမျိုးသားတဦးမောင်းနှင်လာတဲ့ ကုန်တင်ကားတစီးကို စစ်ဆေးခဲ့ရာ အဆိုပါ ပစ္စည်းများကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူမှာ ရခိုင်အမျိုးသား ဦးဖြူမောင် အသက် ၃၇ နှစ်လို့သိရပြီး သူ့ကိုနောက်ထပ်တရားဥပဒေဆိုင်ရာ အရေးယူမှုများပြုလုပ်နိုင်ရန်အတွက် ရှာဟာခရိုင်၊ သွီပန်းရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်မှာလည်း ရှာဟာခရိုင်၊ လုံဘွန်းကျေးရွာမှာ မြန်မာကျပ်ငွေ ၁,၄၀,၈၂,၀၀၀ ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး မီဇိုရမ် YLA ခေါင်းဆောင်တဦးက “ အခုလို ငွေကြေးတွေဖမ်းဆီးတာဟာ တရားမဝင်လို့ဖြစ်တယ်၊ မြန်မာငွေက ဒီမှာ ကြိုက်သလိုသယ်ဆောင်လို့မရဘူး၊ နိုင်ငံခြားငွေဖြစ်သွားပြီ၊ ဂိတ်တွေမှာ စစ်ဆေးလို့ မိရင်တော့ဖမ်းမှာပဲ ၊ပြီးတော့ အိန္ဒိယနိုင်ငံရဲ့ ဥပဒေအရ လူတဦးက ရူပီးငွေ ၁၀ သိန်းနဲ့အထက် ကို ငွေသားနဲ့ ထားပိုင်ခွင့်မရှိဘူး၊ အဲလိုမျိုးထားရင် ငွေမဲဖြစ်သွားတယ်”လို့ Zalen ကိုပြောပါတယ်။
ဒီလိုမျိုး ငွေကြေးနဲ့ပက်သက်တဲ့ အမှုက အိန္ဒိယနိုင်ငံမှာ ကြီးမားတဲ့ အမှုတခုဖြစ်ပြီး ဖမ်းဆီးခံရပြီး နောက် စစ်ဆေးတဲ့အချိန်မှာ ၎င်းတို့ဘာကြောင့် သယ်တာလဲ၊ ဘယ်လိုငွေမျိုးလဲ ဆိုတဲ့အပေါ်မူတည်ပြီး အပြစ် မရှိရင်ပြန်လွတ်တဲ့ လူတွေလည်းရှိသလို တချို့တွေက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတွေလည်းရှိကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
သတင်း – Mickey
ပုံအညွှန်း -တရားခံများနဲ့အတူတွေ့ရတဲ့သက်သေခံပစ္စည်းများ
ဓါတ်ပုံ – လူမှုကွန်ယက်
#မီဇိုရမ်#မြန်မာနိုင်ငံသား#ဖမ်းဆီး#Zalen

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်