မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝမှတ်တမ်း ကောက်ယူဖို့ အကောင်အထည်ဖော် သွားမယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဆို

၁၆၊ မေလ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝမှတ်တမ်းကောက်ယူဖို့ အသုံးပြုမယ့် Biometric Enrolment Portal ကိုပြုလုပ်ထားပြီဖြစ်ကာ မကြာခင်မှာ ဇီဝမှတ်တမ်းများကောက်ယူဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ က မေလ ၁၅ ရက်မှာ ပြောကြားထားပါတယ်။

မနေ့ မေလ ၁၅ ရက်မှာ ဗဟိုမီဇိုးလူငယ်အဖွဲ့အစည်း (Central YMA) ခေါင်းဆောင်များက ဝန်ကြီးချုပ်ကို ၎င်းရုံးခန်းမှာ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာစစ်ဘေးရှောင်များ အပြင်မီဇိုရမ်အတွင်းရှိ တစ်ခြား စစ်ဘေးရှောင်များ အရေး ဆွေးနွေးတဲ့ အချိန်မှာ ဝန်ကြီးချုပ်က ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်ဘေးရှောင်များအရေးနဲ့ ပက်သက်ပြီးဝန်ကြီးချုပ်က “ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး နဲ့ တွေဆုံခဲ့ကာ သူတို့ကို တောင်းဆိုခဲ့တဲ့ အတိုင်း မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝမှတ်တမ်းကို ကောက်ဖို့ အသုံးပြုမယ့် Biometric Enrolment Portal ရှိပြီဖြစ်ကာ မကြာခင်မှာ လက်တွေ့အကောင်အထည် ဖော်ဖို့ နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စနဲ့ ပက်သက်ပြီး ပြည်နယ်အဆင့် မူးယစ်ဆေးဝါးတိုက် ဖျက်ရေး အဖွဲ့များကို အမြန်ဆုံး ဖွဲ့စည်းဖို့ ကောင်းတဲ့အကြံဖြစ်တဲ့ အကြောင်း” ပြောကြားထားပါတယ်။

ပူးလာလ်ဒုအောမ်မာ က မြန်မာစစ်ဘေးရှောင်များ ရဲ့ ဇီဝမှတ်တမ်းများကို ကောက်ယူမယ်ဆိုရင် သူတို့ကို မြန်မာပြည် ပြန်မပို့ဘူး ဆိုတဲ့ ဂတိကို တာဝန်ရှိသူများထံတောင်းဆိုခဲ့တာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးက ဂတိ ပေးခဲ့ပါတယ်။ ဗဟိုအစိုးရဟာ မီဇိုရမ်ရဲ့ အရင်အစိုးရခေတ်ကတည်းက မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝမှတ် တမ်းကောက်ယူဖို့ ဖိအားပေးခဲ့ပေမယ့် ပူးဇိုရမ်ထန်းငါ ဦးဆောင်တဲ့ MNF အစိုးရက ငြင်းဆန်ခဲ့တာဖြစ်ပါ တယ်။

CYMA ခေါင်းဆောင်များက ယခုရက်ပိုင်းအတွင်း မီဇိုရမ်ထဲကို ဝင်ရောက်လာကြတဲ့ မြန်မာစစ်ဘေးရှောင်များ အရေး၊ နိုင်ငံသား များသာပိုင်ဆိုင်ခွင့်ရှိတဲ့ အရာတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားကြတဲ့ ကိစ္စကို ကိုင်တွယ်ရန်လိုအပ်ကြောင်း နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ ကြတယ်လို့သိရပါတယ်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် ကလေးငယ် ၁၃၀၀၀ ကျော်အပါအဝင် မြန်မာစစ်ဘေးရှောင် ၃၄၃၄၆ ဦးရှိတယ်လို့ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်