မြန်မာဘက်က ကျည်ဆံတွေ အိန္ဒိယနိုင်ငံဘက် အိမ် ၂ လုံးပေါ်ကျရောက်

ဒီနေ့ မတ်လ ၁၂ ရက် မနက်ပိုင်းက ရိခေါ်ဒါရ်မြို့တိုက်ပွဲမှာ မြန်မာဘက်ကနေ အိန္ဒိယနိုင်ငံ ဇိုခေါ်သာရ်ရွာသို့ လူနေအိမ် ၂ လုံးပေါ်သို့ ကျည်ဆံ ၂ ကြိမ်ကျရောက်လာတယ်လို့သတင်းရရှိပါတယ်။

အဲ့ဒီ ကျည်ဆံတွေဟာ အိမ် ၂ လုံးရဲ့ အိမ်ခေါင်မိုးကိုဖောက်ဝင်လာပြီး လူကိုထိခိုက်မှုမရှိဘူးလို့သတင်းရရှိပါတယ်။

ဒါ့ပြင် ရိခေါ်ဒါရ်မြို့အမှတ် ၂ ရပ်ကွက်က လူနေအိမ် ခေါင်မိုးပေါ်မှာလည်း ကျည်ဆံတွေကျရောက်လာတယ်လို့သတင်းရရှိပါတယ်။

Zalen ad

ဒီမနက်တိုက်ပွဲမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်သေဆုံးမှုမရှိဘဲ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးတယ်လို့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကနေ သတင်းရရှိပါတယ်။

Zawgyi

ျမန္မာဘက္က က်ည္ဆံေတြ အိႏၵိယႏိုင္ငံဘက္ အိမ္ ၂ လုံးေပၚက်ေရာက္

ဒီေန႔ မတ္လ ၁၂ ရက္ မနက္ပိုင္းက ရိေခၚဒါရ္ၿမိဳ႕တိုက္ပြဲမွာ ျမန္မာဘက္ကေန အိႏၵိယႏိုင္ငံ ဇိုေခၚသာရ္႐ြာသို႔ လူေနအိမ္ ၂ လုံးေပၚသို႔ က်ည္ဆံ ၂ ႀကိမ္က်ေရာက္လာတယ္လို႔သတင္းရရွိပါတယ္။

အဲ့ဒီ က်ည္ဆံေတြဟာ အိမ္ ၂ လုံးရဲ႕ အိမ္ေခါင္မိုးကိုေဖာက္ဝင္လာၿပီး လူကိုထိခိုက္မႈမရွိဘူးလို႔သတင္းရရွိပါတယ္။

ဒါ့ျပင္ ရိေခၚဒါရ္ၿမိဳ႕အမွတ္ ၂ ရပ္ကြက္က လူေနအိမ္ ေခါင္မိုးေပၚမွာလည္း က်ည္ဆံေတြက်ေရာက္လာတယ္လို႔သတင္းရရွိပါတယ္။

ဒီမနက္တုိက္ပြဲမွာ ခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔က ထိခိုက္ေသဆံုးမႈမရွိဘဲ အာဏာသိမ္းစစ္ေကာင္စီတပ္ဘက္က ၃ ဦးေသဆံုးတယ္လုိ႔ ခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ကေန သတင္းရရွိပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်