မြန်မာရဲ့ စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းဖို့ EU က ယူရို ၈ သန်း ကူညီမည်

မေ ၁၉၊ ၂၀၂၅

Zalen

Zalen ad

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့အတူ အီရန်ပဋိပက္ခနောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် စားနပ်ရိက္ခာအခက်အခဲ ကြုံနေရတာကို ဖြေရှင်းပေးဖို့ ဥရောပသမဂ္ဂ (EU) က ယူရို ၈ သန်း ကူညီမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်လိုက်ပါတယ်။

အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာတနိုင်ငံလုံးမှာ စားသောက်ကုန်နဲ့ စက်သုံးဆီဈေးတွေ အဆမတန် တက်လာပြီး ပြည်သူသန်းနဲ့ချီ နေ့စဉ်ရပ်တည်ရေး ခက်ခဲနေချိန်မှာ အခုလို အချိန်မီကူညီပေးတာလို့ WFP က ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းပဋိပက္ခအပြင် ကမ္ဘာ့လောင်စာဆီ ပြတ်တောက်မှုဒဏ်ပါ ထပ်တိုးလာတာကြောင့် မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်း နဲ့စုစုပေါင်း လူဦးရေ ၁၂ ဒဿမ ၄ သန်းခန့်ဟာ ဆာလောင်မွတ်သိမ်မှုဒဏ်ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ကမ္ဘာလုံးဆိုင်ရာလောင်စာဈေးနှုန်းတွေ မြင့်တက်လာနေချိန်မှာ နဂိုတည်းက ရုန်းကန်နေကြရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေကိုတောင် လက်လှမ်းမီနိုင်ဖို့ ပိုပိုပြီး ခက်ခဲလာပါတယ်။ ” လို့ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေကို ကြီးကြပ်နေသူ Ms. Jessica Chaix က ပြောပါတယ်။

WFP ရဲ့ အချက်အလက်တွေအရ တနိုင်ငံလုံးမှာ အခြေခံစားသောက်ကုန်ဈေးနှုန်း ၁၈ ရာခိုင်နှုန်း မြင့်တက်နေပြီး မကွေးတိုင်းမှာ ၃၈ ရာခိုင်နှုန်းနဲ့‌ ဈေးအများဆုံး မြင့်တက်နေပါတယ်။

ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်း ဈေးမြင့်တက်နေပါတယ်။

EU ရဲ့ လူသားချင်းစာနာမှု ရန်ပုံငွေနဲ့ WFP တို့ ပူးပေါင်းပြီး ပဋိပက္ခ၊ နေရပ်စွန့်ခွာမှုနဲ့ စီးပွားရေးကျပ်တည်းမှုဒဏ် ခံနေရတဲ့ မိသားစုတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးသွားမှာပါ။

ဒါ့အပြင် ထိခိုက်လွယ်တဲ့ အုပ်စုတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက်လည်း အထူးအာဟာရဖြည့်စွက်စာတွေကိုပါ ကူညီပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Helen

Photo- WFP

#WFP#EU#Myanmar#ယူရို၈သန်း#Zalen

နောက်ဆုံးရသတင်းများ

ဟော်မုဇ်ရေလက်ကြားရှိ ကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုကို တုံ့ပြန်ပြီး အီရန်ကို အမေရိကန် ထပ်မံလေကြောင်းတိုက်ခိုက်

ဇွန် ၂၇၊ ၂၀၂၆Zalen ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ကုန်တင်သင်္ဘောတစ်စင်း အီရန်ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ အမေရိကန်က စွပ်စွဲပြီးနောက်၊ အီရန်နိုင်ငံအတွင်းရှိ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေကို အမေရိကန်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန်ဗဟိုစစ်ဌာနချုပ် ...

ဆက်ဖတ်ရန်