မြောက်ဦးနဲ့ ကျောက်တော်က စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA သိမ်းပိုက်

၆၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၃၇၈) ခြေမြန်တပ်ရင်းနဲ့ ကျောက်တော်မြို့ အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ – ၃၇၆ တပ်ရင်းတွေကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၅ရက်နေ့ညပိုင်းက ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

မြောက်ဦး အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၃၇၈) ခြေမြန်တပ်ရင်းကို ဖေဖော်ဝါရီလ ၅ ရက် မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီးကျောက်တော်အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ – ၃၇၆ တပ်ရင်းကိုလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေထဲမှာ ခမရ-၃၇၈ နဲ့ ခမရ – ၅၄၀ ကို AA က သိမ်းပိုက်ထားနိုင်ခဲ့ပြီး ခမရ-၃၇၇ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့တာပါ။

ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည် နယ်၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခြောက်ရင်းအထိ ရှိလာပြီဖြစ်ပါတယ်။

တောင်ပြို(လက်ဝဲ)စခန်းကို ဆက်လက်တိုက်ခိုက်နေပြီး အဲဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထပ်မံထွက်ပြေးခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ အညံ့မခံတဲ့ စစ်ကောင်စီစခန်းတွေကို ဆက် ထိုးစစ်ဆင် ချေမှုန်းမယ်လို့ AAက ‌ကြေညာထားပါတယ်။စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ဖြစ်ပွားနေပြီး AA က ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်