ရန်ကုန်မြို့က ပလက်ဝစစ်ဘေးရှောင် ၂၆ ဦး မူလနေရပ်သို့ပြန်

ပလက်ဝမြို့နယ်မှ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်သို့ရောက်ရှိလာတဲ့ ချင်းစစ်ဘေးရှောင် မိသားစု ၄ စုဟာ မနေ့က မူလနေရပ်သို့ ပထမဆုံးအကြိမ်ပြန်သွားကြတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့အတွက် ချင်းပြည်နယ်အစိုးရက ဆမီးမြို့နဲ့ ပလက်ဝမြို့က စစ်ဘေးရှောင်စခန်းတွင် ပြန်လည်နေရာချထားမှာဖြစ်ပြီး ဆန်၊ဆီ၊ဆား၊ နဲ့ ပဲ တွေအမြဲတမ်းရအောင် စီစဉ်ပေးမယ်လို့ ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။

စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ လမ်းစရိတ်အလှူခံပေးတဲ့ မိုင်နန်းဝေက “သူတို့က ၂၀၂၀ ခုနှစ် မေလ လောက်က ရန်ကုန်ကိုရောက်လာကြတယ်။ တစ်ချို့က စက်ရုံတွေမှာအလုပ်ဝင်လုပ်ကြတယ်။ ကိုဗစ်ဖြစ်လာတော့ စက်ရုံတွေပိတ်ထားရတာကြောင့် အလုပ်အကိုင်တွေခက်ခဲလာတယ်။ ပြီးတော့ ရေရှည်အတွက်ဆို မြေနေရာလည်းအခက်အခဲဖြစ်တယ်။ ဟိုမှာဆို ကိုယ့်ဒေသလည်းဖြစ်တော့ မြေနေရာအတွက် အခက်အခဲမရှိဘူး။ သူတို့ ဆန္ဒနဲ့ပြန်ကြတာပါ” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်တွင် ၂၀၂၀ ခုနှစ် မတ်လကစပြီး တိုက်ပွဲပိုမိုပြင်းထန်လာတာကြောင့် မိမိနေရပ်တွင်နေထိုင်ဖို့ အဆင်မပြေတာကြောင့် တိုက်ပွဲရှောင်အချို့ ရန်ကုန်မြို့သို့ပြောင်းရွေ့လာကြပါတယ်။

လက်ရှိ ရန်ကုန် မှော်ဘီမြို့နယ်တွင် ချင်း စစ်ဘေးရှောင် မိသားစု (၃၆)စု လူဦးရေ (၁၅၀)ခန့် နေထိုင်ကြပါတယ်။

(Zawgyi)

ရန္ကုန္ၿမိဳ႕က ပလက္ဝစစ္ေဘးေရွာင္ ၂၆ ဦး မူလေနရပ္သို႔ျပန္သြား

ပလက္ဝၿမိဳ႕နယ္မွ ရန္ကုန္တုိင္း ေမွာ္ဘီၿမိဳ႕နယ္သို႔ေရာက္ရွိလာတဲ့ ခ်င္းစစ္ေဘးေရွာင္ မိသားစု ၄ စုဟာ မေန႔က မူလေနရပ္သို႔ ပထမဆံုးအၾကိမ္ျပန္သြားၾကတယ္လုိ႔သတင္းရရွိပါတယ္။

၄င္းတို႔အတြက္ ခ်င္းျပည္နယ္အစိုးရက ဆမီးၿမိဳ႕နဲ႔ ပလက္ဝၿမိဳ႕က စစ္ေဘးေရွာင္စခန္းတြင္ ျပန္လည္ေနရာခ်ထားမွာျဖစ္ၿပီး ဆန္၊ဆီ၊ဆား၊ နဲ႔ ပဲ ေတြအျမဲတမ္းရေအာင္ စီစဥ္ေပးမယ္လို႔ ဝန္ၾကီး ဦးစိုးထက္ကဆိုပါတယ္။

စစ္ေဘးေရွာင္ေတြေနရပ္ျပန္ဖုိ႔ လမ္းစရိတ္အလွဴခံေပးတဲ့ မိုင္နန္းေဝက “သူတို႔က ၂၀၂၀ ခုႏွစ္ ေမလ ေလာက္က ရန္ကုန္ကိုေရာက္လာၾကတယ္။ တစ္ခ်ုိ႕က စက္ရံုေတြမွာအလုပ္ဝင္လုပ္ၾကတယ္။ ကိုဗစ္ျဖစ္လာေတာ့ စက္ရံုေတြပိတ္ထားရတာေၾကာင့္ အလုပ္အကိုင္ေတြခက္ခဲလာတယ္။ ၿပီးေတာ့ ေရရွည္အတြက္ဆို ေျမေနရာလည္းအခက္အခဲျဖစ္တယ္။ ဟိုမွာဆို ကိုယ့္ေဒသလည္းျဖစ္ေတာ့ ေျမေနရာအတြက္ အခက္အခဲမရွိဘူး။ သူတို႔ ဆႏၵနဲ႔ျပန္ၾကတာပါ” လို႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္တြင္ ၂၀၂၀ ခုႏွစ္ မတ္လကစၿပီး တိုက္ပြဲပိုမိုျပင္းထန္လာတာေၾကာင့္ မိမိေနရပ္တြင္ေနထုိင္ဖို႔ အဆင္မေျပတာေၾကာင့္ တုိက္ပြဲေရွာင္အခ်ဳိ႕ ရန္ကုန္ၿမိဳ႕သို႔ေျပာင္းေရြ႕လာၾကပါတယ္။

လက္ရွိ ရန္ကုန္ ေမွာ္ဘီၿမိဳ႕နယ္တြင္ ခ်င္း စစ္ေဘးေရွာင္ မိသားစု (၃၆)စု လူဦးေရ (၁၅၀)ခန္႔ ေနထုိင္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်