ရွာထဲမှာလက်နက်ကြီး ၃လုံးကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးအပါအဝင်လူ ၃ ဦးထိခိုက်ဒဏ်ရာရရှိ

ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာထဲမှာ ဒီနေ့ ဧပြီ ၁ ရက် နေ့လည် ၁ နာရီခွဲလောက်က လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲတာကြောင့် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ်လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြတယ်လို့သတင်းရရှိပါတယ်။

ခြံထဲမှာလက်နက်ကြီးကျတာကြောင့် အိမ်နံရံကို လက်နက်ကြီးကျည်ကဖောက်ထွင်းဝင်လာပြီး အိမ်ထဲရှိ အသက် ၄၀ ကျော်အရွယ် အိမ်ရှင်အမျိုးသားရဲ့ ညာဘက်ပေါင်မှာထိခိုက်ဒဏ်ရာရရှိကာ အိမ်ရှင်အမျိုးသမီးရဲ့ လက်မောင်းမှာဒဏ်ရာရရှိပါတယ်။

ဒုတိယလက်နက်ကြီးတစ်လုံးကတော့ တခြားအိမ်တစ်လုံးရဲ့ ဝရံတာနားမှာကျရောက်ပေါက်ကွဲပြီးအနီးရှိ ၂ နှစ်အရွယ်ကလေးတစ်ဦးရဲ့ ပေါင်မှာ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

တတိယတစ်လုံးကတော့ လူမနေတဲ့အိမ်ခေါင်မိုးပေါ်ကျရောက်ပေါက်ကွဲပြီး အိမ်ခေါင်မိုးပျက်စီးသွားပါတယ်။

လက်နက်ကြီးဟာ ဘယ်နေရာကနေပစ်မှန်းမသိရပေမယ့် တောင်ဖီလာတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေပစ်ခတ်တာဖြစ်မယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

Zawgyi

႐ြာထဲမွာလက္နက္ႀကီး ၃လုံးက်ေရာက္ေပါက္ကြဲၿပီး ကေလးငယ္တစ္ဦးအပါအဝင္လူ ၃ ဦးထိခိုက္ဒဏ္ရာရရွိ

ကေလးၿမိဳ႕နယ္၊ စကၠန႔္ေက်း႐ြာထဲမွာ ဒီေန႔ ဧၿပီ ၁ ရက္ ေန႔လည္ ၁ နာရီခြဲေလာက္က လက္နက္ႀကီး ၃ လုံးက်ေရာက္ေပါက္ကြဲတာေၾကာင့္ ၂ ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးနဲ႔ အသက္ ၄၀ ေက်ာ္အ႐ြယ္လင္မယား ၂ ဦး ထိခိုက္ဒဏ္ရာရရွိၾကတယ္လို႔သတင္းရရွိပါတယ္။

ၿခံထဲမွာလက္နက္ႀကီးက်တာေၾကာင့္ အိမ္နံရံကို လက္နက္ႀကီးက်ည္ကေဖာက္ထြင္းဝင္လာၿပီး အိမ္ထဲရွိ အသက္ ၄၀ ေက်ာ္အ႐ြယ္ အိမ္ရွင္အမ်ိဳးသားရဲ႕ ညာဘက္ေပါင္မွာထိခိုက္ဒဏ္ရာရရွိကာ အိမ္ရွင္အမ်ိဳးသမီးရဲ႕ လက္ေမာင္းမွာဒဏ္ရာရရွိပါတယ္။

ဒုတိယလက္နက္ႀကီးတစ္လုံးကေတာ့ တျခားအိမ္တစ္လုံးရဲ႕ ဝရံတာနားမွာက်ေရာက္ေပါက္ကြဲၿပီးအနီးရွိ ၂ ႏွစ္အ႐ြယ္ကေလးတစ္ဦးရဲ႕ ေပါင္မွာ ထိခိုက္ဒဏ္ရာရရွိသြားပါတယ္။

တတိယတစ္လုံးကေတာ့ လူမေနတဲ့အိမ္ေခါင္မိုးေပၚက်ေရာက္ေပါက္ကြဲၿပီး အိမ္ေခါင္မိုးပ်က္စီးသြားပါတယ္။

လက္နက္ႀကီးဟာ ဘယ္ေနရာကေနပစ္မွန္းမသိရေပမယ့္ ေတာင္ဖီလာေတာင္ေပၚမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ေတြပစ္ခတ္တာျဖစ္မယ္လို႔ ေဒသခံေတြက ယူဆၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်