ရွာသားတွေပုန်းခိုတဲ့ ချောင်းခွနှစ်ခြင်းဘုရားကျောင်းဝန်းအတွင်း စစ်ကောင်စီပစ်တဲ့ ဗုံးတစ်လုံးပေါက်ကွဲ

ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းဘေး ချောင်းခွကျေးရွာက ချောင်းခွနှစ်ခြင်းဘုရားကျောင်းဝန်းအတွင်း ဒီနေ့ (အောက်တိုဘာ ၈ ရက်) မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်တွေ ရမ်းသမ်း ပစ်ခတ်တဲ့ဗုံးတစ်လုံးပေါက်ကွဲသွား တယ်လို့သတင်းရရှိပါတယ်။

ဒီမနက်က ဂန့်ဂေါဘက်ကနေ ကလေးမြို့သို့ စစ်ကောင်စီ စစ်ကား အစီး ၅၀ ကျော်လာတဲ့ချိန်မှာ ချောင်းခွရွာထဲသို့ လက်နက်ကြီး ၅ လုံး၊ ၆ လုံးလောက်ပစ်ပြီး သေနတ်လည်း ပစ်ဖောက်ကြပါတယ်။

ချောင်းခွရွာသားတစ်ဦးက “စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးအနေနဲ့ စစ်ကား ၁ စီးက ရွာထိပ်ရောက်လာတဲ့ချိန်မှာ ကားပေါ်ကနေအကုန်ဆင်းပြီးတော့ ခြေခြေနဲ့ဖြတ်လာကြတယ်။ လက်နက်ကြီးကို ရွာထဲလှမ်းပစ်ပြီးတော့ တချို့က ကတ္တရားလမ်းပေါ်ပေါက်ကွဲကြတယ်။ သေနတ်တွေပစ်ရင်း “မိုင်းထောင်ကြလေ” ဆိုပြီး လှမ်းဆဲကြတယ်။ လက်နက်ကြီး တစ်လုံးက ချောင်းခွနှစ်ခြင်းဘုရားကျောင်းဝန်း ထဲကပန်းခြံထဲမှာကျပြီးတော့ပေါက်ကွဲသွားတယ်။ မြေကြီးကပျော့တော့ ဗုံးကမြေကြီးထဲ ၁ပေနီးပါးလောက်ဝင်သွားတော့ ထိခိုက်ပျက်စီးတာမရှိဘူး။ မြေက မာတယ်ဆိုရင် ဘုရားကျောင်းနံရံတွေ မှန်တွေကွဲမှာသေချာတယ်။ ပြီးတော့ ဘုရားကျောင်းထဲမှာလည်း လူတွေသွားပုန်းကြတယ်။ ဘုရားကျောင်းထဲမကျတာ တော်တော်ကံကောင်းတယ်။ ကျမတို့က မနေ့က တရွာလုံး ထွက်ပြေးကြတော့ ဒီမနက်တော့ အားလုံးမောလည်းမောတော့ ဘယ်သူမှပြေးချိန်မရဘူး” လို့ပြောပါတယ်။

ချောင်းခွကျေးရွာဟာ ကလေးမြို့ကနေ ဂန့်ဂေါနဲ့ ချင်းပြည်နယ် ဝေဘူလမြို့၊ ဖလမ်းမြို့ဘက်သွားတဲ့လမ်းခွဲမှာရှိပါတယ်။

ချောင်းခွရွာတွင် အောက်တိုဘာ ၄ ရက်ညက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ညအိပ်ရပ်နားပြီး ရွာထဲက ဆိုင်ကယ် ၃ စီး၊ ပိုက်ဆံ ၇ သိန်း၊ ဖိနပ်၊ မီးအားမြင့်စက်၊ ကွန်ပျူတာ၊ ကြက်တွေကအစ ခိုုးယူသွားကြပါတယ်။

Zawgyi

ရြာသားေတြပုန္းခိုတဲ့ ေခ်ာင္းခြႏွစ္ျခင္းဘုရားေက်ာင္းဝန္းအတြင္း စစ္ေကာင္စီပစ္တဲ့ ဗံုးတစ္လံုးေပါက္ကြဲ

ကေလးၿမိဳ႕နယ္ ကေလး-ဂန္႔ေဂါလမ္းေဘး ေခ်ာင္းခြေက်းရြာက ေခ်ာင္းခြႏွစ္ျခင္းဘုရားေက်ာင္းဝန္းအတြင္း ဒီေန႔ (ေအာက္တိုဘာ ၈ ရက္) မနက္ ၈ နာရီေလာက္က စစ္ေကာင္စီတပ္ေတြ ရမ္းသမ္း ပစ္ခတ္တဲ့ဗံုးတစ္လံုးေပါက္ကြဲသြား တယ္လုိ႔သတင္းရရွိပါတယ္။

ဒီမနက္က ဂန္႔ေဂါဘက္ကေန ကေလးၿမိဳ႕သို႔ စစ္ေကာင္စီ စစ္ကား အစီး ၅၀ ေက်ာ္လာတဲ့ခ်ိန္မွာ ေခ်ာင္းခြရြာထဲသို႔ လက္နက္ၾကီး ၅ လံုး၊ ၆ လံုးေလာက္ပစ္ၿပီး ေသနတ္လည္း ပစ္ေဖာက္ၾကပါတယ္။

ေခ်ာင္းခြရြာသားတစ္ဦးက “စစ္ေကာင္စီယာဥ္တန္းရဲ႕ ေရွ႕ေျပးအေနနဲ႔ စစ္ကား ၁ စီးက ရြာထိပ္ေရာက္လာတဲ့ခ်ိန္မွာ ကားေပၚကေနအကုန္ဆင္းၿပီးေတာ့ ေျခေျခနဲ႔ျဖတ္လာၾကတယ္။ လက္နက္ၾကီးကို ရြာထဲလွမ္းပစ္ၿပီးေတာ့ တခ်ဳိ႕က ကတၱရားလမ္းေပၚေပါက္ကြဲၾကတယ္။ ေသနတ္ေတြပစ္ရင္း “မိုင္းေထာင္ၾကေလ” ဆိုၿပီး လွမ္းဆဲၾကတယ္။ လက္နက္ၾကီး တစ္လံုးက ေခ်ာင္းခြႏွစ္ျခင္းဘုရားေက်ာင္းဝန္း ထဲကပန္းျခံထဲမွာက်ၿပီးေတာ့ေပါက္ကြဲသြားတယ္။ ေျမၾကီးကေပ်ာ့ေတာ့ ဗံုးကေျမၾကီးထဲ ၁ေပနီးပါးေလာက္ဝင္သြားေတာ့ ထိခိုက္ပ်က္စီးတာမရွိဘူး။ ေျမက မာတယ္ဆုိရင္ ဘုရားေက်ာင္းနံရံေတြ မွန္ေတြကြဲမွာေသခ်ာတယ္။ ၿပီးေတာ့ ဘုရားေက်ာင္းထဲမွာလည္း လူေတြသြားပုန္းၾကတယ္။ ဘုရားေက်ာင္းထဲမက်တာ ေတာ္ေတာ္ကံေကာင္းတယ္။ က်မတို႔က မေန႔က တရြာလံုး ထြက္ေျပးၾကေတာ့ ဒီမနက္ေတာ့ အားလံုးေမာလည္းေမာေတာ့ ဘယ္သူမွေျပးခ်ိန္မရဘူး” လို႔ေျပာပါတယ္။

ေခ်ာင္းခြေက်းရြာဟာ ကေလးၿမိဳ႕ကေန ဂန္႔ေဂါနဲ႔ ခ်င္းျပည္နယ္ ေဝဘူလၿမိဳ႕၊ ဖလမ္းၿမိဳ႕ဘက္သြားတဲ့လမ္းခြဲမွာရွိပါတယ္။

ေခ်ာင္းခြရြာတြင္ ေအာက္တိုဘာ ၄ ရက္ညက အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြ ညအိပ္ရပ္နားၿပီး ရြာထဲက ဆိုင္ကယ္ ၃ စီး၊ ပိုက္ဆံ ၇ သိန္း၊ ဖိနပ္၊ မီးအားျမင့္စက္၊ ကြန္ပ်ဴတာ၊ ၾကက္ေတြကအစ ခုိုးယူသြားၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်