လားရှိုးမှာ ၁၀ ရက်အတွင်း ကားနဲ့ ဆိုင်ကယ်အစီးရေ သုံးရာကျော်ဖမ်းဆီးထိန်းသိမ်းခံရ

ချစ်ခြင်းနွေ၊ ၂၄၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ အောက်တိုဘာလအတွင်းမှာ ၁၀ ရက်အတွင်း ဆိုင်ကယ်အစီးရေ သုံးရာကျော်နဲ့ ကား အစီးရေ သုံးဆယ်ကျော်ကို ယာဉ်ထိန်းရဲတွေက ဖမ်းဆီးထားပြီး လက်ရှိမှာ ယာဉ်အသွားအလာတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဆိုင်ကယ် အများစုဟာ ကျောင်းသားကျောင်းသူတွေရဲ့ ဆိုင်ကယ်တွေနဲ့ စျေးလှည့်ပတ်ရောင်းချ သူတွေရဲ့ ဆိုင်ကယ်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ရက် တစ်ရက်တည်းမှာပဲ ဆိုင်ကယ် ခြောက်စီးနဲ့ ကား သုံးစီး ဖမ်းဆီးခံခဲ့ရတယ်လို့ လားရှိုးမြို့ခံတွေက ပြောကြပါတယ်။

“ကျွန်မတို့ အိမ်က ဆိုင်ကယ်တစ်စီးလည်း အဖမ်းခံရတယ်။ လာရွေးဖို့ ဘာညာလဲ မပြောဘူး။ လိုင်စင်ကပါတယ်၊ ဦးထုပ်ပဲ မဆောင်းသွားတာ၊ အဲ့တာကို ဒဏ်ကြေး မဆောင်ခိုင်းဘဲနဲ့ ဆိုင်ကယ်ကို သိမ်းသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကားတွေက လိုင်စင်မဲ့တဲ့ ကားတွေဖြစ်ပြီး ဆိုင်ကယ်အများစုကတော့ တရားဝင် လိုင်စင်ရှိတဲ့ဆိုင်ကယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ရက်နေ့က လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးရုံးက လားရှိုးမြို့အတွင်း ကား ယာဥ်မောင်းလိုင်စင်မပါရင် ဒဏ်ငွေ သုံးသောင်း၊ ဖောင်းကြွ နံပါတ်ပြားမပါရင် ဖမ်းဆီးထိန်းသိမ်းမှာဖြစ်ပြီး ဆိုင်ကယ်ဆိုရင် နောက်ကြည့်မှန်မပါ၊ ဦးထုတ်မဆောင်းပဲ လူ နှစ်ဦး အထက် ပိုပြီးစီးရင် ဒဏ်ငွေ သုံးသောင်းနဲ့ ဆိုင်ကယ် နံပါတ်ပြားမပါရင် ဆိုင်ကယ်သိမ်းမယ်လို့ ကြေညာထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်