လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

==============

ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ်

Zalen

အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

Subscriber ၁၉၀,၉၈၄ ခန့်ရှိတဲ့ Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ” အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းပဒပ်တွေကို နှိမ်နင်းမည်ဟု အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြော။ ချင်းပြည်ကတော့ တောင်ဇလပ်အစား ဘိန်းပင်တွေ နေရာအနှံ့မှာ ပျံ့နေပြီ။” လို့ ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ်

https://t.me/kyawswar49111/21666

အဲဒီသတင်းကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ထိ Reaction ပေးသူ ၇၁၀ ဦး၊ ကြည့်ရှူသူ ၄၄,၅၀၀ ကျော်အထိရှိပါတယ်။

စိစစ်တွေ့ရှိချက်

__________

Zalen Fact Checking Team က စိစစ်ကြည့်တဲ့အခါ အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓားပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောတယ်ဆိုတာ မတွေ့ရှိရပါဘူး။

အိန္ဒိယနိုင်ငံတွင်း ခိုးဝင်ပြီး လူသတ်ဓားပြတိုက် မူးယစ်ဆေးဝါးဖြန့်တာ မရှိသလို CDF တွေကို နှိမ်နင်းသွားမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲက ပြောဆိုတာလည်း မရှိဘူးလို့ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ထားတဲ့ ချင်းကာကွယ်ရေးတပ်-ဟွာလ်းငိုရမ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းက “CDF တွေ အိန္ဒိယနိုင်ငံတွင်း ခိုးဝင်ပြီးတော့ ဓားပြတိုက် မူးယစ်ဆေးဝါးဖြန့်တယ်ဆိုတာ လုံးဝ အခြေမြစ်မရှိ လုပ်ကြံဖန်တီး စွပ်စွဲပြောဆိုတာဖြစ်ပါတယ်။ နယ်စပ်မှာဆို ကျွန်တော်တို့ CDF-Hualngoram ရှိတယ်။ နှစ်နိုင်ငံနယ်စပ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စစ်ဆေး ဖမ်းဆီး အရေးယူတာတွေရှိတယ်။ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးဆိုလည်း မီးရှို့ဖျက်ဆီးမူတွေပြုလုပ်တယ်။”လို့ ဆိုပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို ချင်းပြည်ကောင်စီ (CC) နဲ့ CDF-Hualngoram တို့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖျက်ဆီးထားပါတယ်။ သတင်းကို အောက်ပါလင့်ခ်မှာ ဖတ်ရှူနိုင်ပါတယ်။

https://www.facebook.com/share/p/1DsXa348pM

အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက အိမ်နီးနားချင်းနိုင်ငံကနေ နိုင်ငံခြားသားတွေ ဝင်ရောက်လာမှုများပြားလာတာကြောင့် သတ်မှတ်ထားတဲ့ပြည်နယ်ထဲ ဝင်ထွက်သွားလိုသူတွေအနေနဲ့ အိန္ဒိယအစိုးရဆီ ခွင့်ပြုချက်တိုက်ရိုက်ယူရမယ်လို့ ပြောဆိုခြင်းဖြစ်ပြီး CDF တွေကို နှိမ်နင်းမယ်လို့ ပြောဆိုထားခြင်း မဟုတ်ဘူးလို့ ချင်းနိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက အိမ်နီးနားချင်းနိုင်ငံကနေ နိုင်ငံခြားသားတွေ ဝင်ရောက်လာမှုများပြားလာတာကြောင့် မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်၊ နာဂလန်းပြည်နယ် စတဲ့ပြည်နယ်တွေထဲမှာ ဝင်ရောက်သွားလိုသူတွေအနေနဲ့ အိန္ဒိယဗဟိုအစိုးရဆီ တိုက်ရိုက်ခွင့်ပြုချက် ယူရမယ်လို့ပြောတယ်။ အဲဒါနဲ့ဆက်စပ်ပြီး စစ်ကောင်စီထောက်ခံအားပေးသူတွေက ပြည်သူတွေကြား ထင်ယောင်ထင်မှားဖြစ်အောင် CDF တွေ နှိမ်နင်းဖို့ အိန္ဒိယနယ်ခြားစောင့်အကြီးကဲက ပြောတယ်လို့ သတင်းအမှားဖြန့်နေတာဖြစ်တယ်။”လို့ ဆိုပါတယ်။

အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြောဆိုချက်နဲ့ဆက်စပ်ပြီး သတင်းကို အောက်ပါလင့်ခ်မှာ ဖတ်ရှူနိုင်ပါတယ်။

https://www.facebook.com/share/p/12CedprpET7

သုံးသပ်ချက်

________

Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ စစ်ကောင်စီထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။

သတင်းအမှားဖြစ်ကြောင်း စစ်ဆေးထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက် ဖတ်ရှူနိုင်ပါတယ်။

https://www.facebook.com/share/p/18D7GMfCjY

အထက်ပါ ချင်းကာကွယ်ရေးတပ်(CDF) တာဝန်ရှိသူနဲ့ ချင်းနိုင်ငံရေးစောင့်ကြည့်သူတို့ရဲ့ ပြောဆိုချက်ရ CDF တွေ အိန္ဒိယနိုင်ငံအတွင်း ခိုးဝင်ပြီး လူသတ်ဓားပြတိုက် မူးယစ်ဆေးဝါးဖြန့်တာ မရှိသလို အိန္ဒိယနယ်ခြားစောင့်အကြီးကဲက CDF တွေကို နှိမ်နင်းမယ်လို့ပြောဆိုတာတွေ မတွေ့ရှိရပဲ သတင်းအမှားသာဖြစ်ပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်