သင်ကြားရေးအထောက်အကူပြု နဲ့ တိုင်းရင်းသားစာပေသင် ဆရာ၊မတွေကို လစာတိုးမြှင့်ပေးတော့မယ်

မြန်မာတနိုင်ငံလုံးရှိ သင်ကြားရေးအထောက်အကူပြု ဆရာ၊မ (Teaching Assistant-TA) များနဲ့ တိုင်းရင်းသားစာပေသင် ဆရာ၊မ (Language Teacher –LT) များကို အောက်တိုဘာလကုန်ကစပြီး အမြဲတမ်းလစာနဲ့ လစာတိုးမြှင့်တော့မယ်လို့ အာဏာသိမ်းစစ်ကောင်စီ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သင်ကြားရေးအထောက်အကူပြု ဆရာ၊မတွေဟာ အရင်က တစ်ရက်ကျောင်းတက်လျှင် ၄၅၀၀ ကျပ်ရရှိပြီး ကျောင်းပိတ်ရက်တွင် လစာမရရှိပါ။ ဒါပေမယ့် အောက်တိုဘာလကစပြီး တစ်လကို ၁၃၀,၀၀၀ ကျပ်ပေးအပ်တော့မယ်လို့သိရတယ်။

ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံအရာရှိ ဦးထန်မွမ်ခိုင်က “သင်ကြားရေးအထောက်အကူပြုဆရာ၊မဆိုတာက သူတို့က အတန်းပိုင်တွေမရှိတဲ့ချိန်မှာဖြစ်ဖြစ် အတန်းပိုင်တွေအကူညီလိုအပ်ရင်ပဲဖြစ်ဖြစ် သင်္ချာတို့ မြန်မာစာတို့ကို ကလေးတွေနားလည်အောင်ကြားသင်ပေးတတယ်။ အရင်ကတော့ ကျောင်းပိတ်ရက်တွေမှာသူတို့ကလစာမရကြဘူး။ သူတို့ကျောင်းတက်တဲ့ရက်ကို တွက်ပြီးမှပဲလစာရတယ်။ ဒါပေမယ့် ခုတော့ ကျောင်းပိတ်လည်းရင် တစ်လအတွက် လစာရတော့မယ်ဆိုတဲ့သဘောပါ” လို့ပြောပါတယ်။

တိုင်းရင်းသားစာပေသင် ဆရာ၊မ (Language Teacher –LT) တွေကို တစ်လ ၆ သောင်းကျပ် ချီမြှင့်တော့မယ်လို့ထုတ်ပြန်ထားပါတယ်။ အရင်တုန်းက ၄င်းတို့ဟာ တစ်လ ၃ သောင်းကျပ်ရရှိပြီး တစ်ပတ်တွင် တစ်ရက် သို့မဟုတ် ၂ ရက်ကျောင်းတက်ကြပါတယ်။

ချင်းပြည်နယ်တွင် သင်ကြားရေးအထောက်အကူပြု ဆရာ၊မ (Teaching Assistant-TA) ၈၂၃ ဦးရှိပြီး တိုင်းရင်းသားစာပေသင် ဆရာ၊မ (Language Teacher –LT) ၁၄၄၇ ဦး စုစုပေါင်း ၂၂၇၀ ဦးရှိပါတယ်။ မြန်မာတနို်င်ငံလုံးတွင် T.A နဲ့ L.T စုစုပေါင်း ၂၇,၄၂၃ ဦးရှိပါတယ်။

Zawgyi

သင္ၾကားေရးအေထာက္အကူျပဳ နဲ႔ တုိင္းရင္းသားစာေပသင္ ဆရာ၊မေတြကို လစာတိုးျမွင့္ေပးေတာ့မယ္

ျမန္မာတႏိုင္ငံလံုးရွိ သင္ၾကားေရးအေထာက္အကူျပဳ ဆရာ၊မ (Teaching Assistant-TA) မ်ားနဲ႔ တုိင္းရင္းသားစာေပသင္ ဆရာ၊မ (Language Teacher –LT) မ်ားကို ေအာက္တုိဘာလကုန္ကစၿပီး အျမဲတမ္းလစာနဲ႔ လစာတိုးျမွင့္ေတာ့မယ္လုိ႔ အာဏာသိမ္းစစ္ေကာင္စီ တိုင္းရင္းသားလူမ်ဳိးမ်ားေရးရာဝန္ၾကီးဌာနက ႏိုဝင္ဘာ ၂ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

သင္ၾကားေရးအေထာက္အကူျပဳ ဆရာ၊မေတြဟာ အရင္က တစ္ရက္ေက်ာင္းတက္လွ်င္ ၄၅၀၀ က်ပ္ရရွိၿပီး ေက်ာင္းပိတ္ရက္တြင္ လစာမရရွိပါ။ ဒါေပမယ့္ ေအာက္တုိဘာလကစၿပီး တစ္လကို ၁၃၀,၀၀၀ က်ပ္ေပးအပ္ေတာ့မယ္လုိ႔သိရတယ္။

ခ်င္းျပည္နယ္ တုိင္းရင္းသားအခြင့္အေရးမ်ားကာကြယ္ေစာင့္ေရွာက္ေရးဦးစီးဌာန၊ ျပည္နယ္တာဝန္ခံအရာရွိ ဦးထန္မြမ္ခုိင္က “သင္ၾကားေရးအေထာက္အကူျပဳဆရာ၊မဆိုတာက သူတို႔က အတန္းပိုင္ေတြမရွိတဲ့ခ်ိန္မွာျဖစ္ျဖစ္ အတန္းပိုင္ေတြအကူညီလုိအပ္ရင္ပဲျဖစ္ျဖစ္ သခၤ်ာတို႔ ျမန္မာစာတုိ႔ကို ကေလးေတြနားလည္ေအာင္ၾကားသင္ေပးတတယ္။ အရင္ကေတာ့ ေက်ာင္းပိတ္ရက္ေတြမွာသူတုိ႔ကလစာမရၾကဘူး။ သူတို႔ေက်ာင္းတက္တဲ့ရက္ကို တြက္ၿပီးမွပဲလစာရတယ္။ ဒါေပမယ့္ ခုေတာ့ ေက်ာင္းပိတ္လည္းရင္ တစ္လအတြက္ လစာရေတာ့မယ္ဆိုတဲ့သေဘာပါ” လို႔ေျပာပါတယ္။

တုိင္းရင္းသားစာေပသင္ ဆရာ၊မ (Language Teacher –LT) ေတြကို တစ္လ ၆ ေသာင္းက်ပ္ ခ်ီျမွင့္ေတာ့မယ္လုိ႔ထုတ္ျပန္ထားပါတယ္။ အရင္တုန္းက ၄င္းတို႔ဟာ တစ္လ ၃ ေသာင္းက်ပ္ရရွိၿပီး တစ္ပတ္တြင္ တစ္ရက္ သို႔မဟုတ္ ၂ ရက္ေက်ာင္းတက္ၾကပါတယ္။

ခ်င္းျပည္နယ္တြင္ သင္ၾကားေရးအေထာက္အကူျပဳ ဆရာ၊မ (Teaching Assistant-TA) ၈၂၃ ဦးရွိၿပီး တုိင္းရင္းသားစာေပသင္ ဆရာ၊မ (Language Teacher –LT) ၁၄၄၇ ဦး စုစုေပါင္း ၂၂၇၀ ဦးရွိပါတယ္။ ျမန္မာတႏို္င္ငံလံုးတြင္ T.A နဲ႔ L.T စုစုေပါင္း ၂၇,၄၂၃ ဦးရွိပါတယ္။

 

နောက်ဆုံးရသတင်းများ

ဆက်လက်ဖတ်ရှုရန်