သမ္မတရာထူး ၅ နှစ်သက်တမ်းကို တတိယအကြိမ် ရရှိသွားတဲ့ ရှီကျင့်ဖိန်

တရုတ်သမ္မတရှီကျင့်ဖိန်ကတော့ သမ္မတရာထူးကို တတိယအကြိမ်မြောက် စနေနေေ့ အောက်တိုဘာ ၂၂ ရက်တွင် ရယူနိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံကို နောက် ၅ နှစ်ကြာ ဦးဆောင်မည့်သူများတွင် သစ္စာရှိသော လူများကို ထိပ်တန်းရာထူးများပေးအပ်ထားတာကိုလည်း မြင်ရပါတယ်။

ခုလို သမ္မတရာထူးကို တတိယအကြိမ် ရရှိသွားပြီးနောက် ရှီကျင့်ဖိန်ဟာ မော်စီတုန်းပြီးနောက် တရုတ်နိုင်ငံ၏ ဩဇာအာဏာအကြီးဆုံး ခေါင်းဆောင်ဖြစ်လာပြီဖြစ်ပါတယ်။

ရှန်ဟိုင်းကွန်မြူနစ်ပါတီ အကြီးအကဲဖြစ်တဲ့ လီကျင်းဟာလည်း ပိုလီဗျူရိုအမြဲတမ်းကော်မတီများကို မိတ်ဆက်ရေး စင်ပေါ်သို့ ရှီကျင့်ဖိန်နဲ့အတူတူ တက်လာခဲ့ပြီး သူကတော့ မတ်လတွင် အနားယူတော့မယ့် ဝန်ကြီးချုပ် လီခေါ့ချန်နေရာကို အစားထိုးမည်ဖြစ်ပါတယ်။

အမြဲတမ်းကော်မတီအဖွဲ့ဝင်များတွင် ချောက်လီကျီ နှင့် ဝေါင်ဟုနင်တို့က သူတို့၏ ယခင်က နေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကာ လူသစ်အဖြစ် ခိုင့်ကျီ၊ တင့်ရဲ့ချန်နှင့် လီရှီတို့က ကော်မတီအဖွဲ့ဝင်အသစ် ဖြစ်လာခဲ့ပါတယ်။

ရှီကျင့်ဖိန်ကတော့ ၂၀၁၂ ကနေစပြီး တရုတ်နိုင်ငံ၏ အကြီးအကဲ ရာထူးကို ယနေ့အထိ ထမ်းဆောင်လာခဲ့သောသူ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်