သိန်း ၄၀ နဲလာ့ရွေးမလာ၊ သူ့ကိုသတ်လိုက်ရမလာ

ဒီစကားဟာ မိသားစုတွေအားကိုးရတဲ့ သားအကြီးဆုံးပျောက်လို့ နောက်တစ်ရက်ညမှာ မိသားစုထံဖုန်းဝင်လာတဲ့ချိန် ကြားလိုက်ရတဲ့စကားပါ။

ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၂၇ ရက်က ကလေးမြို့ သဇင်ရပ်ကွက်ကနေ တာဟန်းရပ်ကွက် ဟိုင်မွှာလ်ကားဝိုင်းနားမှာနေတဲ့ အဖွားအိမ်ကိုအလည်သွားပြီး ည ၆ နာရီမှာပြင်လာတဲ့ချိန် အသက် (၁၉)နှစ်အရွယ် ချင်းလူငယ်တစ်ယောက် အိမ်ကိုရောက်မလာတော့ပါ။ အဲ့ဒီညမှာပဲ ဆွေမျိုးတွေက ရဲစခန်းမှာ လူပျောက်တိုင်ကြားပြီး ဆေးရုံ၊ ရုံးတွေမှာလိုက်ရှာကြပေမယ့် မတွေ့ကြပါ။

ဇန်နဝါရီလ ၂၈ ရက်ည ၈ နာရီနဲ့ ၉နာရီလောက်မှာ မိသားစုတွေထံ ဖုန်းဝင်လာပြီး ယောကျ်ားလေးအသံနဲ့ “ဒါက ….. တို့အိမ်လာ။ သိန်း ၄၀ နဲ့လာရွေးမလာ၊ သူ့ကိုသတ်လိုက်ရမလာ”လို့ပြောပြီး ဖုန်းချလိုက်ပါတယ်။

မိသားစုတွေလည်း အတော်စိတ်ပူသွားပြီး ဇန်နဝါရီ ၂၉ ရက်မှာ ကုတင် ၁၀၀ စစ်တပ်ဆေးရုံမှာသွားရောက်စုံစမ်းကြတော့ သူတို့ရှာဖွေနေတဲ့လူရဲ့အလောင်းကို အလောင်းတွေထားတဲ့နေရာမှာ ပလစ်စတိတ်နဲ့အုပ်ပြီး ကြိုးချည်ထားတဲ့အလောင်းကိုသွားတွေ့ကြပါတယ်။ ရင်ခွဲထားတာမရှိဘူး။

အလောင်းယူတဲ့ချိန်မှာ ပိုက်ဆံတောင်းတာမရှိပါ။ သူကိုင်ထားတဲ့ ဖုန်း၊ သူစီးတဲ့ 125 အသစ်လေးအစား 125 ဆိုင်ကယ်အဟောင်းကိုပဲရတယ်။

အလောင်းပေါ်က ဒဏ်ရာအခြေအနေကတော့ ပါးယောင်တယ်။ နှာခေါင်းအရိုးကျိုးတယ်။ လက်က ကြိုးတုတ်ခံရသလို ပွန်းပဲ့အရာတွေရှိတယ်။ ညာဘက်နောက်ကြောကနေ ကျည်ဆံတစ်ချက်ဝင်ပြီး ဗိုက်ကိုပွင့်ထွက်တဲ့ဒဏ်ရာတစ်ခု။ ဘယ်ဘက် နောက်ကြောကနေ ကျည်ဆံတစ်ချက်ဝင်တဲ့ဒဏ်ရာတစ်ခုရရှိထားပါတယ်။

သူဟာ ပန်းရံလုပ်ပြီး မိသားစုကို ထောက်ပံ့နေတဲ့သူပါ။ သူ့မှာ အဖေမရှိတော့ဘူး။ ဆီးချို၊ သွေးတိုးရောဂါခံစားနေတဲ့ မိခင်နဲ့ ညီနဲ့ညီမလေး ၂ ယောက်ကို ရွာကျွေးနေတဲ့ လူငယ်လေးပဲဖြစ်ပါတယ်။

Zawgyi

သိန္း ၄၀ နဲလာ႔ေ႐ြးမလာ၊ သူ႔ကိုသတ္လိုက္ရမလာ

ဒီစကားဟာ မိသားစုေတြအားကိုးရတဲ့ သားအႀကီးဆုံးေပ်ာက္လို႔ ေနာက္တစ္ရက္ညမွာ မိသားစုထံဖုန္းဝင္လာတဲ့ခ်ိန္ ၾကားလိုက္ရတဲ့စကားပါ။

ျဖစ္စဥ္ကေတာ့ ဇန္နဝါရီလ ၂၇ ရက္က ကေလးၿမိဳ႕ သဇင္ရပ္ကြက္ကေန တာဟန္းရပ္ကြက္ ဟိုင္မႊာလ္ကားဝိုင္းနားမွာေနတဲ့ အဖြားအိမ္ကိုအလည္သြားၿပီး ည ၆ နာရီမွာျပင္လာတဲ့ခ်ိန္ အသက္ (၁၉)ႏွစ္အ႐ြယ္ ခ်င္းလူငယ္တစ္ေယာက္ အိမ္ကိုေရာက္မလာေတာ့ပါ။ အဲ့ဒီညမွာပဲ ေဆြမ်ိဳးေတြက ရဲစခန္းမွာ လူေပ်ာက္တိုင္ၾကားၿပီး ေဆး႐ုံ၊ ႐ုံးေတြမွာလိုက္ရွာၾကေပမယ့္ မေတြ႕ၾကပါ။

ဇန္နဝါရီလ ၂၈ ရက္ည ၈ နာရီနဲ႔ ၉နာရီေလာက္မွာ မိသားစုေတြထံ ဖုန္းဝင္လာၿပီး ေယာက်္ားေလးအသံနဲ႔ “ဒါက ….. တို႔အိမ္လာ။ သိန္း ၄၀ နဲ႔လာေ႐ြးမလာ၊ သူ႔ကိုသတ္လိုက္ရမလာ”လို႔ေျပာၿပီး ဖုန္းခ်လိုက္ပါတယ္။

မိသားစုေတြလည္း အေတာ္စိတ္ပူသြားၿပီး ဇန္နဝါရီ ၂၉ ရက္မွာ ကုတင္ ၁၀၀ စစ္တပ္ေဆး႐ုံမွာသြားေရာက္စုံစမ္းၾကေတာ့ သူတို႔ရွာေဖြေနတဲ့လူရဲ႕အေလာင္းကို အေလာင္းေတြထားတဲ့ေနရာမွာ ပလစ္စတိတ္နဲ႔အုပ္ၿပီး ႀကိဳးခ်ည္ထားတဲ့အေလာင္းကိုသြားေတြ႕ၾကပါတယ္။ ရင္ခြဲထားတာမရွိဘူး။

အေလာင္းယူတဲ့ခ်ိန္မွာ ပိုက္ဆံေတာင္းတာမရွိပါ။ သူကိုင္ထားတဲ့ ဖုန္း၊ သူစီးတဲ့ 125 အသစ္ေလးအစား 125 ဆိုင္ကယ္အေဟာင္းကိုပဲရတယ္။

အေလာင္းေပၚက ဒဏ္ရာအေျခအေနကေတာ့ ပါးေယာင္တယ္။ ႏွာေခါင္းအ႐ိုးက်ိဳးတယ္။ လက္က ႀကိဳးတုတ္ခံရသလို ပြန္းပဲ့အရာေတြရွိတယ္။ ညာဘက္ေနာက္ေၾကာကေန က်ည္ဆံတစ္ခ်က္ဝင္ၿပီး ဗိုက္ကိုပြင့္ထြက္တဲ့ဒဏ္ရာတစ္ခု။ ဘယ္ဘက္ ေနာက္ေၾကာကေန က်ည္ဆံတစ္ခ်က္ဝင္တဲ့ဒဏ္ရာတစ္ခုရရွိထားပါတယ္။

သူဟာ ပန္းရံလုပ္ၿပီး မိသားစုကို ေထာက္ပံ့ေနတဲ့သူပါ။ သူ႔မွာ အေဖမရွိေတာ့ဘူး။ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါခံစားေနတဲ့ မိခင္နဲ႔ ညီနဲ႔ညီမေလး ၂ ေယာက္ကို ႐ြာေကြၽးေနတဲ့ လူငယ္ေလးပဲျဖစ္ပါတယ္။

 

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်