သံဖိုစစ်ဘေးရှောင်စခန်းကလုယူထားတဲ့ဆန်ကို စစ်တပ်က သံဖိုရွာသားတွေထံပြန်လှူဟုဆို

ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ သံဖိုရွာအနောက်ဘက်က စစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်ကောင်စီတပ်က PDF စခန်းလို့စွပ်စွဲပြီး လက်နက်ကြီးတွေနဲ့အကြိမ်အကြိမ်ပစ်ခတ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်က သိမ်းယူခဲ့ပါတယ်။

၎င်းစစ်ဘေးရှောင်စခန်းမှာ ရွာသားတွေနေထိုင်တာ တစ်နှစ်နီးပါးကြာပြီဖြစ်တဲ့တွက် ဆန် တစ်တင်းခွဲအိတ် ၄၀၀ သိုလှောင်ထားတာလည်း အာဏာသိမ်းစစ်ကောင်စီတပ်က လုယူသွားကြပါတယ်။ ဒါ့ပြင်ဆိုင်ကယ်တွေလည်း တချို့ကိုဖျက်ဆီးပြီး အချို့ဆိုင်ကယ်ကိုသယ်ဆောင်ကြပါတယ်။

စစ်ဘေးရှောင်စခန်းကလုယူထားတဲ့ ဆန်တွေကို မနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီကျော်ကျော်က ရန်ကြီးအောင်ကျေးရွာတပ်စခန်းကနေ သံဖိုရွာထဲသို့ဝင်လာကာ လာရောက်ထောက်ပံ့တဲ့ပုံစံ နဲ့ တစ်အိမ်ထောင်စုမှာ ဆန် တစ်ပုံး ပေးလှူသွားတယ်လို့လည်း ရွာသားတွေထံကသိရတယ်။

ဒေသခံတစ်ဦးက “ညနေ ၃ နာရီနဲ့ ၄ နာရီကြားလောက်မှာ စစ်သားတွေရွာထဲဝင်လာတော့ ရွာသားတွေကလည်း ငါတို့ရွာကို စစ်သားတွေပြန်မွှေတော့မယ်ဆိုပြီးကြောက်ကြောက်နဲ့ထွက်ပြေးကြတာပေါ့။ စစ်ကားကနေ လော်စပီကာနဲ့အော်မှ ဆန်လာလှူမယ်ဆိုတာသိရတယ်။ စစ်တပ်ကတော့ သံဖိုရွာသားတွေကိုဆန်လာလှူတယ်လို့ပြောတယ်။ ဓာတ်ပုံ၊ ဗီဒီယိုလည်းရိုက်ကြတယ်။ တကယ်တမ်းတော့ အဲ့ဆန်တွေက စစ်ဘေးရှောင်စခန်းမှာ ပြည်သူတွေသိုလှောင်ထားတဲ့ဆန်တွေပါ။ ဆန်အိတ်ပေါ်မှာ ရွာသားတွေနာမည်ရေးထားတာလည်းရှိတယ်။ အဲ့လိုနာမည်ရေးထားတဲ့ဆန်အိတ်ရတဲ့သူတွေဆို ပိုင်ရှင်ဆီကိုပြည်သူတွေက ကိုယ့်အသိနဲ့ပြန်ပေးတယ်။ ဆိုင်ကယ်လည်း ပိုင်ရှင်တွေဆီကို အလကားနဲ့ပြန်အပ်တယ်” လို့ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ညနေ ၃ နာရီလောက်က သံဖိုရွာကလူနေအိမ် ၂ လုံးနဲ့ ဆန်စက်တစ်လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးကြပါတယ်။

သံဖိုကျေးရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး လက်ရှိရွာထဲမှာ တစ်အိမ်မှာ လူတစ်ယောက်လောက်သာ အိမ်စောင့်အနေနနဲ့ကျန်ခဲ့ပြီး အများစုက ကလေးမြို့ထဲသို့ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်ညကလည်း ချောင်းခွရွာကနေ လယ်တဲထဲမှာစစ်ဘေးရှောင်နေတဲ့ သားအမိ ၃ ဦးကို စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ကာ အလောင်းတွေကို မီးရှို့ကြပါတယ်။

Zawgyi

သံဖိုစစ္ေဘးေရွာင္စခန္းကလုယူထားတဲ့ဆန္ကို စစ္တပ္က သံဖို႐ြာသားေတြထံျပန္လႉဟုဆို

ကေလးၿမိဳ႕နယ္ ကေလး-ဂန႔္ေဂါလမ္းမေပၚရွိ သံဖို႐ြာအေနာက္ဘက္က စစ္ေဘးေရွာင္စခန္းကို အာဏာသိမ္းစစ္ေကာင္စီတပ္က PDF စခန္းလို႔စြပ္စြဲၿပီး လက္နက္ႀကီးေတြနဲ႔အႀကိမ္အႀကိမ္ပစ္ခတ္ၿပီး ေဖေဖာ္ဝါရီ ၂၄ ရက္က သိမ္းယူခဲ့ပါတယ္။

၎စစ္ေဘးေရွာင္စခန္းမွာ ႐ြာသားေတြေနထိုင္တာ တစ္ႏွစ္နီးပါးၾကာၿပီျဖစ္တဲ့တြက္ ဆန္ တစ္တင္းခြဲအိတ္ ၄၀၀ သိုေလွာင္ထားတာလည္း အာဏာသိမ္းစစ္ေကာင္စီတပ္က လုယူသြားၾကပါတယ္။ ဒါ့ျပင္ဆိုင္ကယ္ေတြလည္း တခ်ိဳ႕ကိုဖ်က္ဆီးၿပီး အခ်ိဳ႕ဆိုင္ကယ္ကိုသယ္ေဆာင္ၾကပါတယ္။

စစ္ေဘးေရွာင္စခန္းကလုယူထားတဲ့ ဆန္ေတြကို မေန႔ ေဖေဖာ္ဝါရီ ၂၆ ရက္ ညေန ၃ နာရီေက်ာ္ေက်ာ္က ရန္ႀကီးေအာင္ေက်း႐ြာတပ္စခန္းကေန သံဖို႐ြာထဲသို႔ဝင္လာကာ လာေရာက္ေထာက္ပံ့တဲ့ပုံစံ နဲ႔ တစ္အိမ္ေထာင္စုမွာ ဆန္ တစ္ပုံး ေပးလႉသြားတယ္လို႔လည္း ႐ြာသားေတြထံကသိရတယ္။

ေဒသခံတစ္ဦးက “ညေန ၃ နာရီနဲ႔ ၄ နာရီၾကားေလာက္မွာ စစ္သားေတြ႐ြာထဲဝင္လာေတာ့ ႐ြာသားေတြကလည္း ငါတို႔႐ြာကို စစ္သားေတြျပန္ေမႊေတာ့မယ္ဆိုၿပီးေၾကာက္ေၾကာက္နဲ႔ထြက္ေျပးၾကတာေပါ့။ စစ္ကားကေန ေလာ္စပီကာနဲ႔ေအာ္မွ ဆန္လာလႉမယ္ဆိုတာသိရတယ္။ စစ္တပ္ကေတာ့ သံဖို႐ြာသားေတြကိုဆန္လာလႉတယ္လို႔ေျပာတယ္။ ဓာတ္ပုံ၊ ဗီဒီယိုလည္း႐ိုက္ၾကတယ္။ တကယ္တမ္းေတာ့ အဲ့ဆန္ေတြက စစ္ေဘးေရွာင္စခန္းမွာ ျပည္သူေတြသိုေလွာင္ထားတဲ့ဆန္ေတြပါ။ ဆန္အိတ္ေပၚမွာ ႐ြာသားေတြနာမည္ေရးထားတာလည္းရွိတယ္။ အဲ့လိုနာမည္ေရးထားတဲ့ဆန္အိတ္ရတဲ့သူေတြဆို ပိုင္ရွင္ဆီကိုျပည္သူေတြက ကိုယ့္အသိနဲ႔ျပန္ေပးတယ္။ ဆိုင္ကယ္လည္း ပိုင္ရွင္ေတြဆီကို အလကားနဲ႔ျပန္အပ္တယ္” လို႔ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၃ ရက္ညေန ၃ နာရီေလာက္က သံဖို႐ြာကလူေနအိမ္ ၂ လုံးနဲ႔ ဆန္စက္တစ္လုံးကို အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက မီးရႈိ႕ဖ်က္ဆီးၾကပါတယ္။

သံဖုိေက်းရြာဟာ အိမ္ေျခ ၈၀၀ ေက်ာ္ရွိၿပီး လက္ရွိရြာထဲမွာ တစ္အိမ္မွာ လူတစ္ေယာက္ေလာက္သာ အိမ္ေစာင့္အေနနနဲ႔က်န္ခဲ့ၿပီး အမ်ားစုက ကေလးၿမိဳ႕ထဲသို႔ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။

ေဖေဖာ္ဝါရီလ ၂၃ ရက္ညကလည္း ေခ်ာင္းခြရြာကေန လယ္တဲထဲမွာစစ္ေဘးေရွာင္ေနတဲ့ သားအမိ ၃ ဦးကို စစ္ေကာင္စီတပ္သားေတြကဖမ္းဆီးေခၚေဆာင္ၿပီး သတ္ျဖတ္ကာ အေလာင္းေတြကို မီးရိႈ႕ၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်