ဟားခါးမြို့တွင် ဝန်ထမ်းမလုံလောက်လို့ဟုဆိုကာ စက်တင်ဘာလ ပင်စင်လစာထုတ်မပေးဟုဆို

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ဝန်ထမ်းပင်စင်တွေဟာ စက်တင်ဘာလက ပင်စင်လစာသွားထုတ်စဉ် ဘဏ်ဝန်ထမ်းမလုံလောက်လို့ဟုဆိုကာ ထုတ်မပေးဘူးလို့ သတင်းရရှိပါတယ်။

ပင်စင်လစာထုတ်ယူသူတစ်ဦးက “စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းကတည်းက ဘဏ်ရှေ့မှာတန်းစီကြတယ်။ ၁၅ ယောက်တတွဲအထဲကိုဝင်ကြတယ်။ ရှေ့ကဝင်သွားတဲ့လူတွေ ပိုက်ဆံထုတ်လို့ ရ၊ မရတော့မသိဘူး။ နေ့လည် ၁၁ နာရီလောက်မှာ ဘဏ်ဝန်ထမ်းတစ်ယောက်ထွက်လာပြီးတော့ ဂိတ်ပေါက်ဝကနေ ဝန်ထမ်းအင်အားနည်းလို့ မထုတ်ပေးနိုင်ဘူးလို့ စာဖတ်ပြတယ်။ အဲ့နေ့ကသွားတဲ့ ပင်စင်စား ၂၀၊ ၃၀ လောက်တော့ ခုထိ လစာမထုတ်ပေးတော့ဘူး။ စက်တင်ဘာ ၂၂ ရက်မှာတော့ တင်ဒါသမားတွေ ကုမ္ပဏီတွေကိုတော့ ပုံမှန်အတိုင်း ပိုက်ဆံထုတ်ပေးနေတာပဲ” လို့ပြောပါတယ်။

ဟားခါးမြို့နယ်တွင် ပင်စင်စား ၂၀၀ ပတ်ဝန်းကျင်ရှိပြီး ယခင်လတွေမှာတော့ ပုံမှန်ထုတ်ပေးတယ်လို့ သိရတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးဇော်မင်းသောင်းကို Zalen မီဒီယာက ဖုန်းဆက်မေးမြန်းရာ “အဲဟုတ်တယ်။ တကယ်လို့ အဲ့ဒီအကြောင်းသိချင်ရင် ပြည်နယ်မန်နေဂျာနဲ့သွားတွေ့လိုက် ပါနော်” လို့ပြောကာ ဖုန်းပြန်ချလိုက်ပါတယ်။

Zawgyi

ဟားခါးၿမိဳ႕တြင္ ဝန္ထမ္းမလံုေလာက္လို႔ဟုဆိုကာ စက္တင္ဘာလ ပင္စင္လစာထုတ္မေပးဟုဆို

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္က ဝန္ထမ္းပင္စင္ေတြဟာ စက္တင္ဘာလက ပင္စင္လစာသြားထုတ္စဥ္ ဘဏ္ဝန္ထမ္းမလံုေလာက္လုိ႔ဟုဆိုကာ ထုတ္မေပးဘူးလို႔ သတင္းရရွိပါတယ္။

ပင္စင္လစာထုတ္ယူသူတစ္ဦးက “စက္တင္ဘာ ၂၁ ရက္ မနက္ပိုင္းကတည္းက ဘဏ္ေရွ႕မွာတန္းစီၾကတယ္။ ၁၅ ေယာက္တတြဲအထဲကိုဝင္ၾကတယ္။ ေရွ႕ကဝင္သြားတဲ့လူေတြ ပိုက္ဆံထုတ္လို႔ ရ၊ မရေတာ့မသိဘူး။  ေန႔လည္ ၁၁ နာရီေလာက္မွာ ဘဏ္ဝန္ထမ္းတစ္ေယာက္ထြက္လာၿပီးေတာ့ ဂိတ္ေပါက္ဝကေန ဝန္ထမ္းအင္အားနည္းလို႔ မထုတ္ေပးႏိုင္ဘူးလုိ႔ စာဖတ္ျပတယ္။ အဲ့ေန႔ကသြားတဲ့ ပင္စင္စား ၂၀၊ ၃၀ ေလာက္ေတာ့ ခုထိ လစာမထုတ္ေပးေတာ့ဘူး။ စက္တင္ဘာ ၂၂ ရက္မွာေတာ့ တင္ဒါသမားေတြ ကုမၸဏီေတြကိုေတာ့ ပံုမွန္အတုိင္း ပိုက္ဆံထုတ္ေပးေနတာပဲ” လုိ႔ေျပာပါတယ္။

ဟားခါးၿမိဳ႕နယ္တြင္ ပင္စင္စား ၂၀၀ ပတ္ဝန္းက်င္ရွိၿပီး ယခင္လေတြမွာေတာ့ ပံုမွန္ထုတ္ေပးတယ္လုိ႔ သိရတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး ဟားခါးၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္မန္ေနဂ်ာ ဦးေဇာ္မင္းေသာင္းကို Zalen မီဒီယာက ဖုန္းဆက္ေမးျမန္းရာ “အဲဟုတ္တယ္။ တကယ္လို႔ အဲ့ဒီအေၾကာင္းသိခ်င္ရင္ ျပည္နယ္မန္ေနဂ်ာနဲ႔သြားေတြ႔လိုက္ ပါေနာ္” လို႔ေျပာကာ ဖုန္းျပန္ခ်လိုက္ပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်