ဟားခါးမှာ စစ်ကောင်စီ ဗျူဟာမှူး လိုက်ပါလာတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

မေ ၁၅၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့ ခလရ ၂၆၆ တပ်ရင်းဗျူဟာမှူး ဦးစီးလိုက်ပါလာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးပြီး ဗျူဟာမှူးအပါအဝင် အများပြားဒဏ်ရာရရှိခဲ့တယ်လို့ CNA နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဖလမ်းမြို့ကနေ ဖလမ်း – ဟားခါး လမ်းအတိုင်း စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သွားရောက်ကြိုဆိုတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ယမန်နေ့ မေလ ၁၄ ရက်နေ့က ဟားခါးမြို့ ၆ လမ်းဆုံအနီးမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Zalen ad

“ဖလမ်းကနေ ဟားခါးကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဟားခါးမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ချွန်ကျုံးရွာကို ရောက်နေပြီလို့ ကြားပါတယ်။ အဲစစ်ကြောင်းကို သွားကြိုဖို့အတွက် ဟားခါးဗျူဟာမှူးကိုယ်တိုင် သွားကြတာ။ ဟားခါး ၆ လမ်းဆုံမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။” လို့ CNA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ဟားခါး ဗျူဟာမှူးနဲ့ အရာရှိ ၃ ဦးအပါအဝင် အများပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဒဏ်ရာရရှိတဲ့ ဟားခါးဗျူဟားမှူးနဲ့ အရာရှိတွေကို ဆေးကုသဖို့ ဒီနေ့ မေလ ၁၅ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ရဟတ်ယာဥ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဟားခါးစစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဟားခါးဗျူဟာမှူး စစ်ကြောင်း တိုက်ခိုက်ခံရတဲ့အတွက် ချွန်ကျုံးကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းက မနေ့ည သန်းခေါင်ယံအချိန်မှာ ရွာထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇ လုံးမီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“မနေ့ညဘက်ကြီး ရွာဘက်ကနေ စစ်ကြောင်းတွေ မထွက်ခင် မီးရှို့သွားတယ်။ လူနေ အိမ် ၇ လုံးလောက် ပျက်စီးသွားတယ်။” လို့ ဟားခါးစစ်ရေးသတင်းအရင်မြစ်က ပြောပါတယ်။

လက်ရှိ မြို့တော် ဟားခါးအပါအဝင် တွန်းဇံ၊ ဖလမ်း၊ တီးတိန် စတဲ့ ချင်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာနေပြီး ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်