အကြမ်းဖက်စစ်ကောင်စီတပ်က ရီလ်သီးရွာလုံးကျွတ်မီးရှို့တဲ့အပြင် ထလန်ရောန်ကျေးရွာအိမ် ၆ လုံးကိုမီးထပ်ရှို့၊ ဖလမ်းမြို့တပ်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေ

အကြမ်းဖက်စစ်ကောင်စီတပ်က ဖလမ်းမြို့လုံပီရပ်ကွက် (ယခင် ရီလ်သီးရွာ) အိမ် ၁၃ လုံးမီးရှို့တဲ့အပြင် ဒီနေ့မနက်ပိုင်းမှာ ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ထလန်ရောန်ကျေးရွာက အိမ် ၆ လုံးကိုထပ်မံမီးရှို့ကြတယ်လို့သတင်းရရှိပါတယ်။

ရီလ်သီးရွာသားတစ်ဦးက “လူအသေအပျောက်တော့မရှိဘူး။ အိမ်ထဲကပစ္စည်းတွေဆို တချို့တဝက်ပဲသယ်လာကြတယ်။ အဲ့ဒါတွေအကုန်လုံးမီးထဲပါသွားတယ်။ အိမ်မွေးတိရိစ္တာန်တွေကတော့ ဘယ်လိုနေကြမလဲမသိဘူး။ သူတို့ သတ်စားကြတာလည်းရှိမှာပဲ” လို့ပြောပါတယ်။

ရီလ်သီးရွာတွင် လူနေအထိုင်တဲ့အိမ် (၁၀)လုံးနဲ့ လူမနေတဲ့အိမ် ၁လုံး၊ ဂိုဒေါင် နဲ့ နှစ်ခြင်းဘုရားကျောင်းတို့မီးရှို့ဖျက်ဆီးခံရပါတယ်။
ဒီမနက် ၁၁ နာရီလောက်မှာ ရီလ်သီးရွာအကျော် ထလန်ရောန်ကျေးရွာ (သစ်)က အိမ် ၆လုံးကို ထပ်မံမီးရှို့ကြပြီး ယင်းရွာအကုန်တွင် တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဖလမ်းမြို့ထိပ် တောင်ကုန်းပေါ်မှာရှိတဲ့ တပ်ကုန်းကနေ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို လက်နက်ကြီး ၁၂၂ မမနဲ့ ၃ ကြိမ် ပစ်ခတ်သွားတယ်လို့သိရတယ်။ လက်နက်ကြီးပစ်ခတ်လို့ ဖလမ်းမြို့တမြို့လုံး တုန်ခါသွားတယ်လို့ မြို့ထဲကပြည်သူတွေထံမှသိရတယ်။

Zawgyi

အၾကမ္းဖက္စစ္ေကာင္စီတပ္က ရီလ္သီးရြာလုံးကၽြတ္မီးရွို႔တဲ့အျပင္ ထလန္ေရာန္ေက်းရြာအိမ္ ၆ လုံးကိုမီးထပ္ရွို႔၊ ဖလမ္းၿမိဳ႕တပ္ကုန္းကေန လက္နက္ႀကီးနဲ႔ပစ္ခတ္ေန

အၾကမ္းဖက္စစ္ေကာင္စီတပ္က ဖလမ္းၿမိဳ႕လုံပီရပ္ကြက္ (ယခင္ ရီလ္သီးရြာ) အိမ္ ၁၃ လုံးမီးရွို႔တဲ့အျပင္ ဒီေန႔မနက္ပိုင္းမွာ ဖလမ္း-ဟားခါးလမ္းေပၚရွိ ထလန္ေရာန္ေက်းရြာက အိမ္ ၆ လုံးကိုထပ္မံမီးရွို႔ၾကတယ္လို႔သတင္းရရွိပါတယ္။

ရီလ္သီးရြာသားတစ္ဦးက “လူအေသအေပ်ာက္ေတာ့မရွိဘူး။ အိမ္ထဲကပစၥည္းေတြဆို တခ်ိဳ႕တဝက္ပဲသယ္လာၾကတယ္။ အဲ့ဒါေတြအကုန္လုံးမီးထဲပါသြားတယ္။ အိမ္ေမြးတိရိစၲာန္ေတြကေတာ့ ဘယ္လိုေနၾကမလဲမသိဘူး။ သူတို႔ သတ္စားၾကတာလည္းရွိမွာပဲ” လို႔ေျပာပါတယ္။

ရီလ္သီးရြာတြင္ လူေနအထိုင္တဲ့အိမ္ (၁၀)လုံးနဲ႔ လူမေနတဲ့အိမ္ ၁လုံး၊ ဂိုေဒါင္ နဲ႔ ႏွစ္ျခင္းဘုရားေက်ာင္းတို႔မီးရွို႔ဖ်က္ဆီးခံရပါတယ္။
ဒီမနက္ ၁၁ နာရီေလာက္မွာ ရီလ္သီးရြာအေက်ာ္ ထလန္ေရာန္ေက်းရြာ (သစ္)က အိမ္ ၆လုံးကို ထပ္မံမီးရွို႔ၾကၿပီး ယင္းရြာအကုန္တြင္ တိုက္ပြဲျဖစ္ပြားတယ္လို႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ဖလမ္းၿမိဳ႕ထိပ္ ေတာင္ကုန္းေပၚမွာရွိတဲ့ တပ္ကုန္းကေန တိုက္ပြဲျဖစ္ပြားတဲ့ေနရာကို လက္နက္ႀကီး ၁၂၂ မမနဲ႔ ၃ ႀကိမ္ ပစ္ခတ္သြားတယ္လို႔သိရတယ္။ လက္နက္ႀကီးပစ္ခတ္လို႔ ဖလမ္းၿမိဳ႕တၿမိဳ႕လုံး တုန္ခါသြားတယ္လို႔ ၿမိဳ႕ထဲကျပည္သူေတြထံမွသိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်