အမျိုးသမီးအကြမ်းဖက်ခံရမှုမှကာကွယ်ပေးမယ့် Application နဲ့ ချင်းတိုင်းရင်းသား သုံးဦးပါဝင်တဲ့အဖွဲ့က ပထမဆုရရှိ

ဖန်တီးရာက ဦးဆောင်ကျင်းပတဲ့ Startup Challenge ၂၀၁၉ ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသား သုံးဦးပါဝင်တဲ့ Boolean အဖွဲ့က Tech for Women’s Safety ခေါင်းစဉ်မှာ ပထမဆုရရှိကြပါတယ်။

ယင်းပြိုင်ပွဲကို ဇူလိုင် ၇ ရက်နေ့တွင် ရန်ကုန်မြို့မှာကျင်းပြပါတယ်။ Startup Challenge ၂၀၁၉ ပြိုင်ပွဲမှာ Tech for Cities၊ Tech for Farms၊ FinTech၊ နဲ့ Tech for Women’s Safety ဆိုပြီးခေါင်းစဉ် လေးခုခွဲထားပါတယ်။ ယင်းပြိုင်ပွဲမှာ မြန်မာတစ်နိုင်ငံလုံးရှိ နည်းပညာစိတ်ဝင်စားတဲ့ လူငယ် ၃၀၀ ကျော်လာရောက်ယှဉ်ပြိုင်ကြပါတယ်။

Boolean အဖွဲ့ဝင်တွေကတော့ မိုင်ဆန်ပွီး၊ ဆလိုင်း ထွန်းထန် (Oxygen)၊ ကိုကိမ်းပူ၊ မသဲဦးငယ်၊ နဲ့ ကိုသက်စိုးမှူးတို့ဖြစ်ပါတယ်။ ကိုသက်စိုးမှူးဟာ မန္တလေးကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး တခြားသူတွေကတော့ ကလေးကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်းတွေပဲဖြစ်ပါတယ်။
ယင်း Application အသစ်နဲ့ပတ်သက်ပြီး Boolean အဖွဲ့ဝင် မိုင်ဆန်ပွီးက “ကျမတို့အဖွဲ့ရေးထားတဲ့ Application နာမည်က Safe Me လို့ပေးထားတယ်။ အဓိက အမျိုးသမီးတွေတွက်လုပ်ထားတာ။ အဲ့ထဲမှာအမျိုးသမီးနဲ့ပတ်သက်နဲ့ ဥပဒေတွေထည့်ထားတယ်။ အကြမ်းဖက်မှုကြုံရင် ဘယ်လိုလုပ်မလဲဆိုတာကို ပုံနဲ့စာနဲ့ဖော်ပြထားတယ်။ ပြီးတော့ ဆောင်ရန်၊ ရှောင်ရန်တွေပါတယ်။ သူတို့နဲ့အနီးစပ်ဆုံး ဆက်သွယ်လို့ရမယ့် ရဲစခန်းတို့၊ အမျိုးသမီးရေးရာ ဖုန်းနံပါတ်တွေ ထည့်ထားတယ်။ အရေးကြီးဆုံးက တည်နေရာ (Location) ကိုထည့်ထားတယ်။ Safe Me မှာ ဖုန်းနံပါတ်နဲ့ အီးမာလ်တွေလည်းထည့်ထားရမယ်။ တည်နေရာကိုဖွင့်လိုက်ရင် Safe Me ကို သုံးတဲ့တခြားလူတွေဆီမျှဝေလိုက်ရင် သူကလည်း နင်ဘယ်နေရာမှာရှိနေတာလဲဆိုတာ တန်းသိမယ်။ ပြီးတော့ တစ်ခုထပ်ထည့်ထားတာက အရေးပေါ်အခြေအနေမှာ SAFEME ကိုရွေးချယ်ပြီး ယုံကြည်ရတဲ့ သူရဲ့ ဖုန်းနံပါတ်မှာ ‘ကူညီပါ’ ဆိုတဲ့ စာတိုလေးအလိုအလျှာက်ပို့သွားမယ်။ ကျမတို့က အချိန် ၉ ရက်ပဲရတော့ အကုန်လုံးမလုပ်နိုင်ခဲ့ဘူး။ အဲ့လောက်ပဲလုပ်နိုင်တယ်။ နောက်တစ်ခုကတော့ အကြမ်းဖက်ခံရတဲ့သူတွေ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ခွန်အားပေးစာတိုလေးတွေထည့်ထားတယ်။ ကျမတို့လည်း မပြီးသေးတော့ ဆက်လုပ်သွားမယ်” လို့ပြောပါတယ်။

ပထမရရှိတာကြောင့် ဒေါ်လာ နှစ်ထောင်ငါးရာနဲ့ ဖန်တီးရာရုံးမှာ ကုမ္မဏီအစပြုနိုင်ဖို့ သုံးလ ကြာအခမဲ့ရုံးခန်းသီးသန့်စီစဉ်ပေးထားပါတယ်။

Zalen ad

ယင်း application ရေးဆွဲဖို့ ၉ ရက်သာအချိန်ရရှိကြပါတယ်။ Tech for Women’s Safety ခေါင်းစဉ်ရွေးချယ်တဲ့သူတွေထဲမှာ အဖွဲ့ ၁၆ ဖွဲ့ရှိပြီး မိမိတို့အဖွဲ့တွေဖန်တီးထားတဲ့အရာတွေကို ဒိုင်တွေကစစ်ဆေးပေးပြီး အဖွဲ့ ၁၀ ဖွဲ့ထပ်မံရွေးချယ်ထားပါတယ်။

Application function တွေဆက်လက်ပြီး update လုပ်မှာဖြစ်တဲ့တွက် အပြောင်းအလဲရှိလာနိုင်ပါသေးတယ်။ ပြီးတော့ ဒီ application ကို Playstore မှာလည်းမတင်သေးပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်