အရက်ဘီယာများသယ်ဆောင်တဲ့ မီဇိုရမ်ခရီးသည်ယာဉ်အသင်းဥက္ကဌကို CDF – Mara ကဖမ်းဆီး

သမိုင်းသစ်/ ၄၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊လိုင်လင်းပီမြို့ တွင် အရက်သေစာများသယ်ဆောင်တဲ့ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားမြို့ ခရီးသည်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ တစ်ဦးကို Chinland Defense Force -Mara ဂိတ်တွင် ဖမ်းဆီးခံရတယ်လို့ ဒေသခံများကပြောပါတယ်။

အရက်ဘီယာများကို လိုင်လင်းပီ မှမီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့ဘက်ကိုသယ်ယူဖို့လုပ်နေသောကြောင့် စက်တင်ဘာလ ၃၀ နေ့ တွင် CDF-Mara မှစစ်ဆေးဖမ်းဆီးကြောင်းဒေသခံများကပြောပါတယ်။

“သူက အရက်ဘီယာတွေကို ဒီ လိုင်လင်းပီကနေ ဆိုင်ဟားဘက်ကို ရောင်းဖို့ပါသွားတာ ဂိတ်မှာ စစ်ဆေးတော့ တွေ့လို့ ဖမ်းဆီးကြတာ။ စကားလည်းများကြတယ်။ ကားဆရာ နာမည်တော့မသိဘူး။ ပြဿနာ တော့ဖြစ်မယ့်ပုံပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းနဲ့အတူ ဘီယာ သုံးဖာနဲ့ ရမ်အရက်အချို့ဖမ်းဆီးရတယ်လို့မျက်မြင်သက်သေတစ်ချို့ကပြောကြပါတယ်။

အာဏာသိမ်းပြီးနောက်တွင်အရက်သေစာများကိုပြည်မဘက်ကနေ အဓိက မှောင်ခို သယ်ဆောင်ရောင်းဝယ်ကြပြီး လိုင်လင်းပီမြို့ပေါ် စစ်ကောင်စီ စခန်းတွင်လည်း ရမ် အရက်ရောင်းကာ ဒေသခံများက ဝယ်ကြတယ်လို့ပြောကြပါတယ်။

ယခုချိန်အရက်သေစာများကိုပြည်ထောင်စုလမ်းမတွင်တော်လှန်ရေး အားကောင်းနေသောကြောင့်မသယ်ဆောင်တော့ပဲ ရခိုင်ပြည်နယ်ဘက်ကနေ တဆင့်

ပလက်ဝမြို့နယ်၊ ချင်းလက်ဝဘက်ကို ဆိုင်ကယ်ဖြင့် မှောင်ခိုရောင်းဝယ်ကြတယ် လို့ဒေသတစ်ချို့ကပြောပါတယ်။ ချင်းလက်ဝဘက်ကနေ သယ်ဆောင်သူတွေကို CDF က အကြိမ်ကြိမ်သတိပေးနေတယ်လို့လိုင်လင်းပီမြို့ခံတစ်ဦးကပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်