အာဏာသိမ်းကာလ ၂နှစ်ခွဲကျော်အတွင်း နိုင်ငံတဝှမ်းနေအိမ်အဆောက်အအုံစုစုပေါင်း ၈၆,၀၀၀ကျော် မီးရှို့ဖျက်ဆီးခံရ

ဒေမီယံ / စက်တင်ဘာ ၂၉၊၂၀၂၃

Zalen

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ ၂နှစ်ခွဲကျော်ကာလအတွင်းဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ်အဆောက်အဦး စုစုပေါင်း ၈၆,၁၃၄ လုံးကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP Myanmar က စက်တင်ဘာလ ၂၉ရက်နေ့ ရက်စွဲနဲ့ စာတမ်းထုတ်ပြန်ထားပါတယ်။

နေအိမ်မီးရှို့ခံရမှုဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ ၅၅,၇၀၇ လုံးထက်မနည်းရှိခဲ့ပြီး ၂၀၂၃ နှစ်လယ်ပိုင်းမှာ ဒေသတစ်ချို့မှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုများခံစစ်အသွင်ကူးပြောင်းလာပြီးတဲ့နောက် နေအိမ်အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုလည်း လျော့ကျလာတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Zalen ad

မီးရှို့ဖျက်ဆီးခံရမှုတွေမှာ စစ်ကိုင်းတိုင်းဒေသဟာအမြင့်ဆုံးဖြစ်ခဲ့ပြီးဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ်စုစုပေါင်း ၆၂,၂၉၄လုံးထက်မနည်းမီးရှို့ဖျက်ဆီးခံခဲ့ရကာ၊ဒုတိယအမြင့်ဆုံးအဖြစ် မကွေးတိုင်းဒေသမှာ ၁၃,၀၃၄ လုံးထက်မနည်းမီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

အာဏာသိမ်းမှုအလွန်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၁၀ထက်မနည်းမီးရှို့ခံခဲ့ရတာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇မြို့နယ်ရှိတဲ့အထဲမြို့နယ် ၃၂ခုထက်မနည်း နေအိမ်၊အဆောက်အအုံများမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmar ရဲ့ အချက်အလက်တွေအရသိရပါတယ်။

အာဏာသိမ်းကာလအတွင်း ဘာသာရေး အဆောက်အအုံများအပါအဝင် နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုမှာ စစ်ကိုင်းတိုင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ ၇၂ရာခိုင်နှုန်းကျော်အထိရှိခဲ့ပါတယ်။ ယခုဖော်ပြချက်တွေဟာISPMyanmar ရဲ့ အချက်အလက်စုဆောင်းထားမှုစာရင်းအရသာဖြစ်ပြီး မြေပြင်မှာမီးရှို့ခံထားရတဲ့နေအိမ်အဆောက်အအုံတွေဟာ ရရှိထားတဲ့စာရင်းအရေအတွက်ထက်ပိုမိုများပြားနိုင်တယ်လို့ ISP Myanmar က ထုတ်ပြန်ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်