အာဏာသိမ်းပြီးနောက် NLD ပါတီဝင် နှစ်ထောင်နီးပါးကို ဖမ်းဆီးခံခဲ့ရပြီး တစ်ရာကျော် သတ်ဖြတ်ခံရ

ချစ်ခြင်းနွေ/ ၂၈၊စက်တင်ဘာ၊ ၂၀၂၃

 စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကာလအတွင်း လွှတ်တော်အမတ်တွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၉၁၀ ဦး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပါတီ၀င် တစ်ရာကျော်လည်း စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ NLD လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က စက်တင်ဘာ ၂၇ ရက်ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲက ၁၂၆၉ ဦးကို ဆက်လက်ဖမ်းဆီးထိန်းထိမ်းခံထားရပြီး လွှတ်တော်အမတ် သုံးဦး ပါအဝင် ပါတီဝင် စုစုပေါင်း ၁၀၀ ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၇ရက်နေ့က အွန်လိုင်းစနစ်ကနေ ပြုလုပ်တဲ့ NLD ပါတီတည်ထောင်ခြင်း ၃၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ NLD လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ က အစီအရင်ခံစာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

Zalen ad

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ပါတီဝင် ၁၂၆၉ ဦးထဲမှာ လွှတ်တော်အမတ် ၇၃ ဦးအပါအဝင် ပါတီဝင်အမျိုးသား ၁၀၇၇ ဦးနဲ့ ပါတီဝင်အမျိုးသမီး ၁၉၂ ဦး ပါဝင်ပါတယ်လို့ ဆိုပါတယ်။

ဒီအပြင် နိုင်ငံတစ်ဝန်းက NLD ပါတီရုံးတွေ အကြိမ် ၁၆၀ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသလို လွှတ်တော်အမတ် ၁၈၂ ဦး အပါအဝင် ပါတီဝင် ၃၇၃ ဦးရဲ့ အိမ်၊ ခြံ၊ မြေ စုစုပေါင်း ၃၉၀ ခု၊ လုပ်ငန်းပိုင်ဆိုင်မှု ၆၄ ခုနဲ့ မော်တော်ယာဉ် ၁၆ စီး ချိပ်ပိတ်သိမ်းယူခံခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၆ ရက်နေ့ထိ စာရင်းတွေ အရတော့ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၄၁၂၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ၁၉,၂၇၂ ဦးကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်