အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက် နှစ်နိုင်ငံလုံခြုံရေးတပ်သားတွေ ချထားပြီး တစ်ဖက်နိုင်ငံကူးခွင့်တားမြစ်

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့တစ်ဝိုက်တွင် အာသံစစ်တပ် နဲ့ မြန်မာ ရဲတပ်သားတွေ နယ်စပ်တစ်လျှောက်လုံခြုံရေး ချထားတယ်လို့ ဒေသခံတွေဆီကနေသတင်းရရှိပါတယ်။

ရိခေါ်ဒါရ်မြို့ ဒေသခံတစ်ဦးက “အာသံတပ်သားတွေကတော့ ပုံမှန်လုံခြုံရေးချထားတယ်။ ဒါပေမယ့် ခုတလော ပိုတင်းကြပ်လာတယ်။ အိန္ဒိယနိုင်ငံသားကဒ်မရှိရင် ဝင်လို့မရဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့ မနေ့ မနက်ပိုင်းကစပြီး တစ်နေရာမှာ လုံခြုံရေး ရဲ ၂ ယောက်တွေ့တယ်။ တစ်ဖက်ကမ်းကို ကူးခွင့်မပေးဘူး။ ဒါပေမယ့် ညမှာတော့ လုံခြုံရေးသမားတွေမရှိတော့ဘူး။ အခုလို ပိုတင်းကြပ်လာတာက နိုင်ငံရေးအခြေအနေမကောင်းလို့ ဟိုဘက်ကမ်းကူးတဲ့သူများလာတယ်ဆိုတာသိလို့ပဲဖြစ် မယ်။ ကုန်စည်တင်ပို့တာလည်း မနက်ဖြန်ကစပြီး တစ်ပတ်ကြာပိတ်ထားမယ်လို့သိရတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှ နိုင်ငံရေးခိုလုံခွင့်တောင်းသူတွေကို နွေးနွေးထွေးထွေးကြိုဆိုဖို့နဲ့ ဗဟိုအစိုးရသို့လည်းဆက်လက်တင်ပြသွားမယ်လို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတွေကလည်း မြန်မာပြည်က ဆွေမျိုးသားချင်းတွေကို အမြဲတမ်းကြိုဆိုနေတယ်ဆိုတဲ့အကြောင်း စာထုတ်ထားတာတွေ့ရပါတယ်။

ဒါပေမယ့် အာသံတပ်ဖွဲ့က နိုင်ငံခြားရေးဝန်ကြီး၊ နဲ့ ကာကွယ်ရေးဝန်ကြီးထံမှ အမိန့်ဟုဆိုကာ မြန်မာပြည်မှ မီဇိုရမ်သို့လာရောက် ခိုလှုံတဲ့သူမရှိအောင် နယ်စပ်တစ်လျှောက်စောင့်ကြည့်ကြပါတယ်။ ဒါကြောင့် ကျန်ဖိုင်ခရိုင်မှူးက ယင်းအကြောင်းကိုဆက်လက်စုံစမ်းပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတာဝန်ရှိသူနဲ့ညိုနှိုင်းဖို့ကြိုးပမ်းနေပါတယ်လို့ မီဇိုရမ်ပြည်နယ်ဒေသထွက်သတင်းစာတွေမှာဖော်ပြထားပါတယ်။

ချင်းပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်နယ်နမိတ်ဟာ တွန်းဇံမြို့နယ်မှ ပလက်ဝမြို့နယ်အထိရှည်လျားပြီး နွေရာသီတွင် အလွယ်တကူးချောင်းကိုဖြတ်ကူးလို့ရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်