အေအေက ခေါ်ဆောင်သွားတဲ့ ရွာနှစ်ရွာအကြောင်းစုံစမ်းဖို့သွားရောက်သူတွေ ခုထိအိမ်ပြန်မရောက်သေး

အေအေက ခေါ်ဆောင်သွားတဲ့ ရွာနှစ်ရွာအကြောင်းစုံစမ်းဖို့သွားရောက်သူတွေ ခုထိအိမ်ပြန်မရောက်သေး

ပလက်ဝမြို့နယ်အထက်ပိုင်းမှာ အေအေအဖွဲ့က ခမောင်းဝနဲ့ ကင်းတလင်းရွာသားတွေကို အတင်းအဓမ္မခေါ်ဆောင်သွားတဲ့ကိစ္စစုံစမ်းဖို့သွားယောက်တဲ့ လူသုံးယောက်ဟာ နှစ်ရက်ကြာတဲ့ထိ အိမ်ပြန်မရောက်ကြသေးဘူးလို့ ဒေသခံတွေဆီကသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် အေအေတပ်ဖွဲ့က ခမောင်းဝရွာနဲ့ ကင်းတလင်း ရွာသားတွေကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့ခေါ်ဆောင်သွားပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်က သာယာကုန်းရွာသား ဦးအောင်ယောက် အပါအဝင်လူသုံးယောက်ကို ဖေဖော်ဝါရီလ (၅)ရက်နံနက်ပိုင်းက ခမောင်းဝနဲ့ ကင်းတလင်းရွာသို့ စုံစမ်းဖို့စေလွှတ်လိုက်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ(၆)ရက်ညထိ သာယာကုန်းရွာသို့မရောက်နိုင်သေးပါ။ သာယာကုန်းရွာနဲ့ ခမောင်းဝရွာဟာ နှစ်မိုင်ခန့်သွားကွာဝေးတယ်။

ရခိုင်တွေနေထိုင်တဲ့ ခမောင်းဝရွာဟာ အိမ်ထောင်စု (၂၃)စု၊ ချင်းတွေနေထိုင်တဲ့ ကင်းတလင်းရွာမှာ အိမ်ထောင်စု (၁၂)စု လူဦးရေစုစုပေါင်း (၁၂၄)ဦးရှိပါတယ်။

ယင်းကျေးရွာအနီးရှိ မီးဇာကျေးရွာသားတစ်ဦးက “အေအေက အဲ့ရွာတွေမှာခိုလုံနေတာ တစ်လလောက်ကြာပြီ။ သာယာကုန်းရွာမှာ တပ်မတော်ဘက်က တပ်ရင်း(၃)ရင်းလောက်ရှိတယ်။ တပ်မတော်က သူတို့ကိုတိုက်ရမှာကြောက်လို့ ပြည်သူလူထုကို အကာအကွယ်ယူလိုက်တာပါ။ သူတို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရောက်တဲ့ချိန်မှာ ကင်းတလင်းရွာသားတစ်ယောက်က ဖုန်းနဲ့ ကျနော်တို့ရွာသားတစ်ယောက်ဆီမှာပြောတယ်။ ကျနော်တို့ကို အေအေက အတင်းအဓမ္မ ခေါ်သွားတယ်လို့ပြောတယ်”လို့ပြောပါတယ်။

ဧရာဝတီသတင်းဌာနမှာ အေအေ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ခမောင်းဝရွာနဲ့ ကင်းတလင်းရွာသားတွေဟာ အေအေ ထိန်းချုပ်နယ်မြေဒေသမှာ ဝင်ရောက်လာခြင်းဖြစ်တယ်လို့ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်